လီဗာပူး ပရိသတ်အနေနဲ့ မန်စီးတီး နှင့် အာဆင်နယ် ပွဲမှာ ဘယ်အသင်းကို အနိုင်ရစေချင်သလဲ ဖွင့်ဟလာတဲ့ ကာရေဂါ

လီဗာပူး အသင်း ရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ကာရေဂါ က ဒီတစ်ပတ် Super Sunday မှာ ကစားမယ့် မန်စီးတီး နှင့် အာဆင်နယ် ပွဲမှာ ဘယ်အသင်းကို အနိုင်ရစေချင်သလဲ ဆိုတာ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ် ၊ မန်စီးတီး ၊ လီဗာပူး တို့ သုံးသင်း အပြိုင် ဖြစ်နေကြပြီး သုံးသင်းကြား အမှတ်ကွာဟချက်ကလည်း တစ်မှတ်သာ ရှိပါတယ် ။ ဒီတစ်ပတ်မှာတော့ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ် နှင့် လက်ရှိ ချန်ပီယံ မန်စီးတီး တို့ ထိပ်တိုက် တွေ့ဆုံ နေကြပြီး ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲလည်း ဖြစ်ပါတယ် ။

မန်စီးတီး နှင့် အာဆင်နယ် ထိပ်တိုက် တွေ့ဆုံနေချိန်မှာ လီဗာပူး အသင်းကတော့ ဘရိုက်တန် အသင်း နဲ့ တွေ့ဆုံ နေပါတယ် ။ The Overlap ရဲ့Fan Debate အစီအစဉ်မှာ ဂယ်ရီနဗီးလ် က ကာရေဂါကို ” လီဗာပူး ပရိသတ် တစ်ဦး
အနေနဲ့ မင်းကတော့ ဒီတစ်ပတ် ပွဲမှာ အာဆင်နယ် ကို နိုင်စေချင်တယ်မလား ။ ” လို့ မေးမြန်းလိုက်ရာ

လီဗာပူး အသင်း ရဲ့ ကစားသမားဟောင်း ကာရေဂါ က ” ဒါပေါ့ ၊ ဒါပေမဲ့ မန်စီးတီး အသင်းက ဒီတစ်ပတ် ပွဲမှာ ရှုံးရင်တောင် ချန်ပီယံ ဖြစ်နိုင်တဲ့ အနေအထား မှာ ရှိနေပါသေးတယ် ။ ရှုံးရင်တောင် ချန်ပီယံ ဖြစ်နိုင်ပါတယ် ။ အာဆင်နယ် အသင်း ရှုံးသွားရင်တော့ သူတို့ ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး ။ လီဗာပူး ပရိသတ်တစ်ဦး အနေနဲ့ သေချာပေါက် မန်စီးတီးကိုပဲ ရှုံးစေချင်တာပေါ့ဗျာ ။ စီးတီး က ရှုံးသွားလည်း ချန်ပီယံ ဖြစ်နိုင်ပါသေးတယ် ။ ”

” အာဆင်နယ် ရှုံးသွားရင်တော့ လီဗာပူး နှင့် မန်စီးတီး အသင်းပဲ ချန်ပီယံဆု အတွက် ယှဉ်ပြိုင် ရတော့မှာပါ ။ ရှုံးသွားရင်တောင် အမှတ်က သိပ်မကွာသေးဘူးဆိုပေမယ့် အာဆင်နယ် အသင်း ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီး သက်ရောက်မှု ရှိမှာပါ ၊ လီဗာပူး ကလည်း ဘရိုက်တန် နဲ့ အိမ်ကွင်းမှာ ကစားရမှာဆိုတော့ အာဆင်နယ် သာ ရှုံးရင် နှစ်သင်းစလုံးက ပြန်ကျော်တက်သွားမှာပါ ။အာဆင်နယ် အသင်းက အဲ့ဒီလို အနေအထားကနေ ပြန်လာနိုင်ဖို့ ဆိုတာ ခက်ခဲမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM