ဒီတစ်ပတ်မှာ အာဆင်နယ် အသင်း မန်စီးတီး အသင်းကို အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဖာဘရီဂက်စ်

 

ဂန်းနား ကပ္ပတိန်ဟောင်း ဆက်စ်ဖာဘရီဂက်စ် က ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်စီးတီး အသင်း နှင့် အာဆင်နယ် အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းက အားလုံးကို အံ့အားသင့်အောင် လုပ်ပြီး အနိုင် ရရှိ သွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

ဖာဘရီဂက်စ် က Planet Premier League Podcast မှာ ” နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမား နှစ်ဦး သုံးဦးကြောင့် အာဆင်နယ် အသင်းက ပြီးခဲ့တဲ့နှစ်မှာ အများကြီး တိုးတက် ကောင်းမွန် လာခဲ့ပါတယ် ။သူတို့ ပိုပြီး ကျစ်လစ် မာကျောလာတယ် ၊ ပိုပြီး ရင့်ကျက်လာတယ် ၊ သူတို့ရဲ့ တန်ပြန်တိုက်စစ် စွမ်းရည် ၊ ဘောလုံးကို ကိုင်ထားနိုင်စွမ်း ၊ ခံစစ်တန်းကို လိုအပ်သလို မြင့်နိမ့် ကစားနိုင်စွမ်းတွေ ရှိလာပါတယ် ။ အခုဆို သူတို့ အရာတော်တော်များများမှာ အသာစီးနဲ့ ထိန်းချုပ် ကစားနေနိုင်ပါပြီ ၊ အာဆင်နယ်က တကယ့်ကိုမှ သိပ်ကို ပြီးပြည့်စုံတဲ့ အသင်း ဖြစ်နေပါပြီ ။ ”

” မန်စီးတီး ကို အနိုင်ဘယ်လို ယူရမလဲ သူတို့ ကောင်းကောင်း သိပါတယ် ။ အနိုင်လည်း ယူခဲ့ပြီးပါပြီ ၊ ဒီပွဲက စိတ်ဝင်စားဖို့ သိပ်ကောင်းမယ့် ပွဲတစ်ပွဲပါ ၊ အာဆင်နယ် အသင်း အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်သလို သူတို့ ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာ ပြရမယ့် ပွဲပါ ။ ဒါပေမဲ့ ကျနော်ကတော့ အာဆင်နယ် အသင်း အားလုံးကို အံ့အား သင့်အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ် ၊ သူတို့ဟာ အားလုံးထင်ထားတာထက် တစ်ဆင့်မြင့်နေတဲ့ အသင်း ဖြစ်ကြောင်း ပြသရင်းပေါ့ ။ ”

” ပွဲရလဒ် ကို ခန့်မှန်းရမယ်ဆို ကျနော်ကတော့ ကျနော် မြင်တဲ့ အတိုင်းပဲ လက်တွေ့ကျကျ ပြောပါမယ် ။ အသင်း နှစ်သင်း အပေါ် ကျနော့်ရဲ့ အမြင် ၊ ကြားသိရတဲ့ ဒဏ်ရာရ သတင်းတွေကို အခြေခံပြီးတော့ပဲ ပြောပါမယ် ၊ ကျနော့် စိတ်ထဲမှာတော့ အာဆင်နယ် အသင်း ၁-၂ နဲ့ နိုင်မယ်လို့ ထင်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM