စောင့်ရဦးမယ့် အလွန်ဆို ၊ ဘိုလေး ဖယ်ပေးရမယ့် နေရာ တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

 

လီဗာပူး နဲ့ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပ ထိပ်သီး အတော်များများ က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နည်းပြ ဇာဘီ အလွန်ဆို ဟာ လေဗာကူဆင် အသင်းမှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ဖွယ် ရှိနေတဲ့ သတင်းတခု မနေ့ညပိုင်းက ပေါ်ထွက်လာခဲ့ ပါတယ် ။ လီဗာပူး ဟာ အဆိုပါ သတင်းကြောင့် အခြားပစ်မှတ်တခုကို ပြောင်းလဲ ချဉ်းကပ်တော့မှာ ဖြစ်ပြီး ဘိုင်ယန်မြုးနစ် ကတော့ ရာသီကုန်အထိ စောင့်ကြည့်သွားမယ်လို့ ဖာဘရီဇီယို ရိုမားနိုး က ဖော်ပြသွားပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ အလွန်ဆို ကို စောင့်ဆိုင်းရမယ်ဆိုပါက လက်ရှိ သြစတြီးယား အသင်းကို ကိုင်တွယ် နေတဲ့ မန်ယူနိုက်တက် နဲ့ လိုက်ပ်ဇစ် နည်းပြဟောင်း ရပ်ဖ် ရန်းနစ် ကို ခေါ်ယူသွားဖို့ စဉ်းစားထားတယ်လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ နယူးကာဆယ် အသင်းတို့ကတော့ အားကစား ဒါရိုက်တာ ဒန် အက်စ်ဝေါ့သ် နဲ့ ပတ်သက်ပြီး အကြိုသဘောတူညီမှု ရရှိထားပြီ ဆိုတဲ့ သတင်းတွေကို ငြင်းဆို သွားခဲ့ပါတယ် ။

နယူးကာဆယ် ကတော့ အေစီ ဒါရိုက်တာဟောင်း ပေါ်လို မာဒီနီ နဲ့ ပေါ်တူဂီ ကစားသမားဟောင်း ဟျူဂို ဗီယာနာ တို့ကို အက်စ်ဝေါ့သ် ထွက်ခွာသွားပါက အစားထိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် ဟာ လိုက်ပ်ဇစ် နဲ့ ပုံစံကောင်းတွေ ပြနေတဲ့ စပိန် တိုက်စစ်သမား ဒါနီ အိုလမို ကို အခု နွေရာသီ မှာ အပြိုင် ချဉ်းကပ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ် ။

MANCHESTER, ENGLAND – NOVEMBER 01: Erik ten Hag, Manager of Manchester United, Bruno Fernandes and Rasmus Hojlund of Manchester United look on during the Carabao Cup Fourth Round match between Manchester United and Newcastle United at Old Trafford on November 01, 2023 in Manchester, England. (Photo by Michael Regan/Getty Images)

ချဲလ်ဆီး အသင်းကတော့ လာမယ့် ၂၀၂၇ ခုနှစ် မှာ ပိုင်ရှင် တော့ဒ်ဘိုလေ ကို အသင်းအကြီးအကဲ နေရာကနေ ဖယ်ရှားပြီး အစားထိုး ခန့်အပ်ဖို့ ရှိနေပါတယ် ။

 

အင်္ဂလန် နောက်ခံလူ ကိုင်လ်ဝေါ်ကာ နဲ့ ဂျွန်စတုန်း တို့ဟာ မနေ့က ပြုလုပ်တဲ့ မန်စီးတီး အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို မပါဝင် နိုင်ခဲ့ကြဘူးလို့ သိရပါတယ် ။

Soccer Football – Champions League – Manchester City Press Conference – Etihad Campus, Manchester, Britain – March 5, 2024 Manchester City manager Pep Guardiola during the press conference REUTERS/Carl Recine

စပါး အသင်းဟာ နွေရာသီမှာ အသင်းကို ထပ်မံ ပြုပြင်မွမ်းမံမှာ ဖြစ်ပြီး သက်တမ်းရှည် ကင်းထောက် ၅ ယောက် နဲ့ လမ်းခွဲသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။

 

စပိန် ဘောလုံးအဖွဲ့ချုပ် ဟာ လူငယ် ကြယ်ပွင့်လေး လာမိန်း ယာမဲ ကို လာမယ့် ယူရို ၂၀၂၄ မှာရော အိုလံပစ် ပြိုင်ပွဲမှာပါ ထည့်သွင်း အသုံးပြုဖို့ စဉ်းစားနေပြီး ဘာစီလိုနာ ဘက်ကတော့ ပက်ဒရီ လို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ ရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ပက်ဒရီ ကတော့ အသင်းမှာ လေ့ကျင့်မှု ပြန်လည် စတင်နေပြီ ဖြစ်ကာ ဧပြီလထဲ ကစားမယ့် PSG နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ် ။

 

SPORTS MYANMAR