ပွဲအဖြေ ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ကစားသမားကို ယူရို 2024 မှာ မထည့်သွင်းဖို့ အင်္ဂလန် တို့ကို တိုက်တွန်းလိုက်တဲ့ အလန်ရှီးယား

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဆီမှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ရှိနေတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲ့တာကို မမြင်တွေ့ခဲ့ရပါဘူး ။

ဒီနှစ် မန်ချက်စတာမှာ ရုန်းကန်နေရတဲ့ အင်္ဂလန်သားဟာ နိုင်ငံတကာ ခြေစမ်းပွဲတွေမှာလည်း လက်ရွေးစင် အသင်းအတွက် ပွဲထွက် ကစားပေးခွင့် မရပဲ အရံလူ အဖြစ်နဲ့ ဝင်ကစားရင်း ပွဲကစားချိန် 15 မိနစ်မျှသာ ပိုင်ဆိုင်ထားခဲ့သေးတာပဲ ဖြစ်ပါတယ် ။

အခုတော့ အင်္ဂလန် ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ အလန်ရှီးယား က ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ယူရို ပြိုင်ပွဲမှာ မပါဝင်သင့်တဲ့ နာမည်ကြီး ကစားသမားတွေထဲက တစ််ဦးဖြစ်ကြောင််း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” အခု နဲ့ ရာသီကုန်အထိ ရပ်ရှ်ဖို့ ကောင်းကောင်း ကစားပြနိုင်မယ်ဆိုရင် နည်းပြအတွက် စဥ်းစားစရာ ဖြစ်သွားရပါလိမ့်မယ် ။ ဒါပေမဲ့ သူ ပြိုင်ပွဲဆီ သွားဖို့ သေချာမယ်လို့တော့ ကျွန်တော် ထင်မနေပါဘူး ။ နိုးပါပဲ ”

” သူဟာ အထောင် တိုက်စစ်မှူး မဟုတ်ပါဘူး ။ အဲ့ဒီမှာ သူလဲ ကစားချင်တာ မဟုတ်ပါဘူး ။ သူဟာ တောင်ပံမှာ ကစားရင် အရေးပေါ် အနေအထားတွေ ရောက်မှာ တိုက်စစ််မှာ ကစားပေးတတ်သူပါ ”

” သူ့ရဲ့ body language ကြည့်ရုံနဲ့ မန်ချက်စတာမှာ သူ အဲ့ဒီ နေရာ မကစားချင်တာကို သိနိုင်ပါတယ် ။ သူကသာ ကစားသမား စာရင်းထဲ ပါဝင်ခဲ့ရင် ဟယ်ရီကိန်း ၊ အိုလီ ဝက်ကင်း ၊ အိုင်ဗန် တိုနေး တို့ကို ကျော်နိုင်မှာ မဟုတ်ပါဘူး ”

” ဆောက်ဂိတ် ရဲ့ plan ထဲမှာ ကော့ဘီ မိုင်နူး ပါဝင်နေမှာပါ ။ သူဟာ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့တယ်လေ ။ ပြီးခဲ့တဲ့ နွေက သူဘယ်မှာလဲ ၊ အခု ဘယ်ရောက်နေပြီလဲဆိုတာက ပုံပြင်ဆန်လွန်းလှပါတယ် ” လို့ အလန်ရှီးယား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar