မန်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ လုံးဝ မလုပ်သင့်တဲ့ အရာ တစ်ခုကို ထောက်ပြလိုက်တဲ့ ကလစ်ချီ

 

ကလစ်ချီ က ဒီတစ်ပတ် မန်စီးတီး အသင်း နဲ့ ပွဲမှာ အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ တန်ပြန်တိုက်စစ် နဲ့ ကစားဖို့ ပြင်ဆင် လာပါက ဆိုးရွားတဲ့ အမှားကို ကျူးလွန် မိသလို ဖြစ်လိမ့်မယ်လို့ ‌သတိပေး စကားပြောကြား သွားခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲ ၂၀ ကစားထားရာမှာ ၁၆ ပွဲ အထိ အနိုင်ရထားပြီး ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်းပါ ။ ဒါပေမဲ့ ကလစ်ချီ ကတော့ မန်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အသင်းကို တိုက်စစ် အားပြု ကစားဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ကလစ်ချီ က Super 6 မှာ ” အာဆင်နယ် အသင်း အနေနဲ့ စီးတီး ကွင်းမှာ သွားရောက် ကစားရတဲ့ အခါမှာ သတ္တိရှိဖို့ လိုအပ်ပါတယ် ။ ‘ ငါတို့ မင်းတို့ကို လုံးဝ မကြောက်ဘူး ၊ အနိုင်ယူပြမယ် ‘ ဆိုတဲ့ စိတ်ဓတ်မျိုးနဲ့ပေါ့ ၊ မန်စီးတီး ကို အဲ့ဒီလို ကစားနိုင်တဲ့ အသင်းများများစားစား မရှိပါဘူး ။ အာဆင်နယ် နှင့် လီဗာပူး ပဲ ရှိပါတယ် ။ ”

” အာတီတာ အနေနဲ့ မန်စီးတီး အသင်းကို ဘောလုံး ပေးကိုင်ပြီး တန်ပြန် တိုက်စစ် နဲ့ ကစားဖို့ ကြိုးစားမယ် ဆိုရင်တော့ ဆိုးရွားတဲ့ အမှားကို လုပ်မိတာပဲလို့ ကျနော်ကတော့ မြင်ပါတယ် ။ သူတို့ အိမ်ကွင်းဆိုတော့ သူတို့ကတော့ ဘောလုံး ကိုင်ကစားမှာပါပဲ ၊ အာဆင်နယ် အနေနဲ့လည်း ကိုယ် ကစားနေကြ အတိုင်းပဲ ဆက်ကစားဖို့ လိုအပ်ပါတယ် ။ ”

” အာဆင်နယ် အနေနဲ့ ဒီတစ်ပတ် တနင်္ဂနွေနေ့ ပွဲမှာ ရှူံးလို့ မရပါဘူး ။ သရေကျရင် သူတို့ စီးတီး ရဲ့ အထက်မှာ ဆက်လက် ရပ်တည် နိုင်မှာပါ ။ ဒါပေမဲ့ စီးတီး နဲ့ ပွဲမှာ သရေ တစ်မှတ်က လုံလောက်တယ်လို့ ကျနော်ကတော့ မမြင်ပါဘူး ။ အာဆင်နယ် အနေနဲ့ အနိုင် ၃ မှတ်ရပြီး အမှတ်ပေး ဇယား ကို ၅ မှတ် ဖြတ်ထားနိုင်တယ်ဆိုရင်တောင် ချန်ပီယံဆုအတွက် အာမခံ နိုင်တဲ့ အနေအထား မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM