အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ မန်စီးတီး နှင့် အာဆင်နယ် အသင်း တို့ရဲ့ပွဲစဉ် မှာ ဘယ်လိုရလဒ်ထွက်ပေါ်မလဲ ခန့်မှန်းလိုက်တဲ့ ဆက်ဂ်ညာ

ပြင်သစ် နောက်ခံလူဟောင်း ဆက်ဂ်ညာ က ဒီတစ်ပတ် တနင်္ဂ‌နွေနေ့မှာ ကစားမယ့် မန်စီးတီး အသင်း နှင့် အာဆင်နယ် အသင်း တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အပေါ် သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ဂိုးကွာခြားချက် အသာနဲ့ ရပ်တည်နေတဲ့ အသင်း ဖြစ်ပြီး မန်စီးတီး အသင်းကတော့ အာဆင်နယ် နဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အသင်းပါ ။

အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားရာမှာ ပွဲ ၂၀ အထိ အနိုင် ရထားတဲ့ အသင်းပါ ။ အာဆင်နယ် အသင်းဟာ ဒီရာသီ အိမ်ကွင်း အမ်းမရိတ်မှာ မန်စီးတီး အသင်းကို ၁၂ ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရမှုကို ရပ်တန့် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် နှင့် မန်စီးတီး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဆက်ဂ်ညာ က ” အိမ်ကွင်းမှာဆို မန်စီးတီး ကို ဒုက္ခရောက်အောင် လုပ်ရတာ လွယ်ကူပါတယ် ။ သူတို့က တိုက်စစ် ကို အလွန်အကျွံ လိုက်ပါ ကစားတော့ တန်ပြန်တိုက်စစ်တွေ ခွင့်ပြု ရပါတယ် ။ အာဆင်နယ် ကစားသမားတွေက ဘယ်လောက် မြန်သလဲဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ။ ”

” မန်စီးတီး က ဘယ်အသင်းကို မဆို တိုက်ခိုက် အနိုင်ယူစွမ်း ရှိပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ကလည်း အသင်းတိုင်းကို ဖိအားပေး ကစား နိုင်စွမ်း ရှိပါတယ် ။ ဒါကြောင့် ကျနော် ကတော့ သရေ ရလဒ် ထွက်ပေါ် လိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ခန့်မှန်း ပြောကြား သွားခဲ့ပါတယ် ။

SM