အင်္ဂလန် အသင်းမှာ အသင်းဖော် ဘန်ဝှိုက် ပြန်ကစားအောင် ဆွဲဆောင် စည်းရုံးမယ်လို့ ဆိုလိုက်တဲ့ ဒက်ကလန်ရိုက်စ်

 

ဒက်ကလန်ရိုက်စ် က အင်္ဂလန် အသင်း အတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ အာဆင်နယ် အသင်းဖော် ဘန်ဝှိုက် တစ်ယောက် နိုင်ငံ လက်ရွေးစင် အသင်းအတွက် ပြန်ကစားချင်အောင် ဆွဲဆောင် စည်းရုံးသွားမယ်လို့ ဘယ်ဂျီယံ အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ်ဟာ ဘရာဇီး ၊ ဘယ်ဂျီယံ တို့နဲ့ ကစားမယ့် ခြေစမ်းပွဲ အတွက် လူစာရင်း ရွေးချယ်ရာမှာ ဘန်ဝှိုက်ကို ထည့်သွင်းချင်ခဲ့ပေမယ့် ဘန်ဝှိုက် ကတော့ သူ့ကို မရွေးချယ်ဖို့ အီဒူး ကနေ တဆင့် တောင်းဆို ခဲ့တာ ဖြစ်ပါတယ် ။

ဘန်ဝှိုက် ဟာ ၂၀၂၂ ခုနှစ် ၊ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ထောက် နည်းပြ စတိဗ်ဟော့လန် နဲ့ ပြဿနာ ဖြစ်ပြီး ပြန်လာကတည်းက နိုင်ငံ အသင်းအတွက် ပြန်မကစားပေးတော့တာပါ ။ဘယ်ဂျီယံ နဲ့ ပွဲမှာ အင်္ဂလန် အသင်း ရဲ့ ကပ္ပတိန် အဖြစ် ဝာာဝန်ယူသွားမယ့် ဒက်ကလန်ရိုက်စ် က ဘန်ဝှိုက် နဲ့ ပတ်သက်ပြီး ” သူက တကယ့်ကို တစ်မူ ထူးခြားတဲ့ ကစားသမား တစ်ဦးပါ ။ ဘာကြောင့်လဲ ဆိုရင် သူက နေရာ သုံးနေရာလောက်အထိ ကစားနိုင်စွမ်း ရှိတာကြောင့်ပါ ။ ”

” ပြိုင်ပွဲတွေမှာ အဲ့ဒီလို ကစားနိုင်တာက အရေးပါပါတယ် ။ သူက ‌ဗဟို နောက်ခံလူ နေရာ၊ညာ နောက်ခံလူ နေရာ ၊ inverted right back အဖြစ်လည်း ကစား နိုင်ပါတယ် ၊ ကျနော် အာဆင်နယ် အသင်းကို ပြန်ရောက်တဲ့ အချိန်ကျရင် သူ့ အမြင် ဘယ်လို ရှိသလဲ စကားပြောကြည့်သွားမှာပါ ။ ကျနော်ကတော့ သူ့ကို ကစားစေချင်ပါတယ် ၊ ဘူကာရို ရော ရမ်စ်ဒေးလ် ရော ကျနော့်လို တူတူပဲ မြင်မယ်လို့ ထင်ပါတယ် ၊ ပြန်ရောက်တာနဲ့ အားလုံးက သူ့ကို အဲ့ဒီအကြောင်း ပြောကြမှာပါ ၊ သူ စိတ်ပြောင်းသွားဖို့လည်း မျှော်လင့်ပါတယ် ။ ”

” ကျနော်တို့ ဒီကို မလာခင် အချိန်မှာ နားရက် အချို့ရတော့ သူ နှင့် ဆောက်ဂိတ် ဒီကြားထဲ စကားပြောဖြစ် ခဲ့ကြမှာပါ ၊ သူတို့ ဘာတွေ ‌ပြောသလဲ ကျနော် မသိပါဘူး ၊ ဒါပေမဲ့ ကျနော်ကတော့ သူ့ကို အင်္ဂလန် အသင်းမှာ ကစားစေချင်ပါတယ် ၊ သူနဲ့ ပြိုင်ဘက် အဖြစ်ရော အသင်းဖော်နဲ့ပါ ကစားဖူးတော့ သူက ဘယ်လိုလဲ ၊ ဘယ်လောက် အထိ‌ အေးဆေးသလဲ ၊ သူ့ရဲ့ ဖြစ်တည်မှုကို သူ ဘယ်လို ထိန်းသိမ်းသလဲ ဆိုတာ ကျနော် တွေ့ရပါတယ် ၊ ‌ဒါပေမဲ့ သူက ကွင်းထဲမှာ အသင်း အနိုင်ရဖို့ ဘယ်အရာမဆို လုပ်မယ့် ကစားသမားပါ ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

SM