ပြင်သစ် အသင်းမှာ ဆလီဘာ ကို ဘာကြောင့် အသုံးမပြုတာလဲ ရှင်းပြလာတဲ့ ဒေးရွန့်

 

ပြင်သစ် လက်ရွေးစင်အသင်း ရဲ့နည်းပြ ဒီဒီယာ ဒေးရွန့် က ဆလီဘာ ကို လက်ရွေးစင် အသင်းမှာ အသုံးမပြုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် ကာကွယ် ပြောကြားလိုက်ပြီး ဂန်းနား နောက်ခံလူ ဟာ သူ မကြိုက်တဲ့ အရာတွေကို လုပ်ဆောင်နေတာကြောင့် ဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဆလီဘာ ဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက် အာဆင်နယ် အသင်းမှာ ပုံစံကောင်း ပြသနေသူ တစ်ဦး ဖြစ်ပြီး မနှစ်ကလည်း ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင် ခဲ့ပါတယ် ။ ဒီရာသီမှာလည်း ဆလီဘာ ၊ ဂါဘရီရယ်တို့ ဦးဆောင်တဲ့ ခံစစ်ဟာ သွင်းဂိုး ၂၄ ဂိုးသာ ခွင့်ပြု ထားရပြီး ပေးဂိုး အနည်းဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။

ဆလီဘာ ဟာ အာဆင်နယ် အသင်းမှာ အားထားရတဲ့ အဓိက နောက်ခံလူ ဖြစ်နေပေမယ့် နိုင်ငံ အသင်းမှာတော့ အူပါမီကာနို ၊ ပါဗက် ၊ ကိုနာတေး တို့ရဲ့နောက် ဦးစားပေး ကစားသမား အဖြစ်သာ ရှိနေပါတယ် ။ ဂျာမနီ အသင်းကို နှစ်ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲမှာလည်း ဆလီဘာ ဟာ ကစားခွင့် မရခဲ့ဘဲ ပြင်သစ် အသင်း ရဲ့ နောက်ဆုံး ၁၈ ပွဲမှာ ၂ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

ပြင်သစ် လက်ရွေးစင် နည်းပြ ဒေးရွန့် က ဆလီဘာ ကို အသုံးမပြုတာ နဲ့ ပတ်သက်ပြီး ” သူက ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ဖြတ်သန်းနေတာ မှန်ပါတယ် ။ ဒါပေမဲ့ သူက ကျနော် သိပ်မကြိုက်တဲ့ အရာတွေကို လုပ်နေပါတယ် ၊ ပြင်သစ်မှာတော့ သူ့အတွက် ပွဲကစားခွင့်က အကန့်အသတ် ရှိတာပေါ့ဗျာ ၊ ဒါပေမဲ့ ကစားခွင့် ရတဲ့ အခါမှာလည်း သူ သိပ်ကောင်းကောင်း မကစားနိုင်ပါဘူး ။ ”

PARIS, FRANCE – SEPTEMBER 22: William Saliba of France runs with the ball during the UEFA Nations League League A Group 1 match between France and Austria at on September 22, 2022 in Paris, France. (Photo by Aurelien Meunier/Getty Images)

” စီနီယာ ကစားသမားတွေကလည်း ပုံစံကောင်း ရနေတော့ သူ့အတွက် မျက်နှာသာပေးမှု မရသလိုတော့ ဖြစ်နေတာပေါ့ဗျာ ။ ဒါပေမဲ့ သူ အခု ကျနော်တို့နဲ့ ရှိနေပါတယ်။ အူပါမီကာနို က ပွဲကစားခွင့် ရပြီး ဝီလီယံ က ပွဲကစားခွင့် နည်းသလိုတော့ ဖြစ်နေတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM