ကိုးလ်ပါလ်မာရဲ့ ဒဏ်ရာ အကြောင်း အသိပေးရင်း ၊ အင်္ဂလန် စတား တဦးကို ပစ်မှတ်ထားဝေဖန်နေခြင်းတွေ အပေါ် တုန့်ပြန်လာတဲ့ ဆောက်ဂိတ်

အင်္ဂလန် အသင်းဟာ တမြန်နေ့က ကစားခဲ့တဲ့ ဘရာဇီးနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ၊ ထိုပွဲမှာ ဒီရာသီ ချဲလ်ဆီး အတွက် အထူးခြေစွမ်းပြနေတဲ့ ကိုးလ်ပါလ်မာ ကြံ့ခိုင်မှု မပြည့်လို့လပါဝင်ခွင့် မရခဲ့သလို ၊ အိုင်းယက်ဇ် ဝါရင့်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်လည်း မကစားပေးနိုင်ခဲ့ပါဘူး ။

၄င်းတို့ ၂ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ကာ ဆောက်ဂိတ် က ” ကောင်လေး ၂ယောက်လုံး ဒီနေ့ ပြန်လေ့ကျင့်ကြပါတယ် ။ သူတို့ အဆင်ပြေပြေပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ် ။ ဒီတော့ သူတို့ မနက်ဖြန် ထရိန်နင်မှာတော့ အသင်းသားတွေနဲ့ ပြန်ပြီး ပူးပေါင်းကြပါလိမ့်မယ် ။ ဒီကနေ ကျွန်တော်တို့ ရှေ့ဆက်ရမှာပါ ။ ”

” အင်္ဂါနေ့မှာ ဘယ်ဂျီယမ်နဲ့ ကစားဖို့ ရှိပြီး ၊ သူတို့ဟာ ရှေ့ပွှဲတုန်းက မတူညီတဲ့ ပွဲထွက်စာရင်း သုံးခဲ့တာကြောင့် ပိုပြီး လန်းဆန်းလာဖို့ ရှိပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲနဲ့ တူတာက ဘယ်ဂျီယမ်မှာလည်း အတွေ့အကြုံရင့် ၊ အံ့သြဖွယ် ကစားသမားတွေ ရှိတာကြောင့် ဒါက အဆင့်အတန်း မြင့်မားတဲ့ ပွဲတပွဲ ဖြစ်လာဦးမှာပါ ။ ”

” နောက်ပြီး အဲဒီပွဲမှာ ကစားသမားသစ်တွေ မြင်တွေ့ရဖို့ အခွင့်အရေးကောင်း တရပ် ရှိသလို ၊ ဒါက လာမယ့် နွေရာသီအတွက် တည်ဆောက်ရာမှာ အထောက်အကူ ပေးပါလိမ့်မယ် ။ ဘရာဇီးနဲ့ ပွဲက အသင်းရဲ့ စွမ်းဆောင်ရည် အဆင့်အတန်း အပေါ် ကျွန်တော် စိတ်မပျက်မိပါဘူး ။ ”

” အရှုံးရလဒ်နဲ့ ပွဲပြီးသွားတဲ့အခါ တုန့်ပြန်မှုတွေက အမြဲ ဆိုးရွားပေမယ့် ၊ ပွဲပြီးဖို့ ၁၅မိနစ် အလို လူစားလဲမှုတွေလည်း ရှိ်ခဲ့တာကြောင့် ဒါက အရမ်းမဆိုးဘူးလို့ ကျွန်တော် ယူဆတာပါ ။ ပရိသတ်တွေဟာ အသင်းနဲ့ တသားတည်း ရှိခဲ့ကြပြီး ၊ လူငယ်နဲ့ လက်ရွေးစင် အတွေ့အကြုံနု ကစားသမား အမြောက်အမြား ကောင်းကောင်းကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ ဒီတော့ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် စိတ်မပျက်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

BURTON UPON TRENT, ENGLAND – NOVEMBER 16: Cole Palmer and Trent Alexander-Arnold of England train during an England Training Session at St George’s Park on November 16, 2023 in Burton upon Trent, England. (Photo by Eddie Keogh – The FA/The FA via Getty Images)

ဆက်လက်ပြီး ဆောက်ဂိတ်က အားထားရတဲ့ ပထမ ဦးစားပေး ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာ ရနေချိန် ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ကစားပေးခဲ့ပေမယ့် ၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အပေါ် အခုလိုပဲ ခုခံပြောကြားသွားပါတယ် ။

ဆောက်ဂိတ် က ” တကယ်ကောင်းတဲ့ စွမ်းဆောင်ရည် အများကြီး ကျွန်တော်တို့ မြင်ခဲ့ရပါတယ် ။ ဒါက ထိပ်တန်းအဆင့် ပွဲတပွဲပါ ။ ကျွန်တော်တို့ဟာ ပွဲရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ၊ ဂိုးပေါက်ခြိမ်းခြောက်မှုလည်း အများအပြား လုပ်နိုင်ခဲ့ပါတယ် ။ ”

” ဒါက ရိုးရာ တောင်အမေရိက ပွဲပုံစံမျိုး ဖြစ်ခဲ့ပြီး ၊ ဒီထက် ပိုပြီး ကတ်များများ ပြသ သတိပေးတာမျိုး ရှိခဲ့သင့်ပါတယ် ။ ဒါမျိုး ကျွန်တော်တို့ ကြိုတင် မှန်းဆခဲ့ပြီး ၊ ခံစစ်ကနေ တိုက်စစ်ကို ဆင်တဲ့ နေရာမှာလည်း အရမ်းကောင်းခဲ့ပါတယ် ။ အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အကြောင်း ကျွန်တော့ အနေနဲ့ မပျော်မရွှင် ဖြစ်တာမျိုး မရှိ်ခဲ့ပါဘူး ။ ”

” ပြတ်သားတဲ့ အခိုက်အတန့် တခုကပဲ ပွဲကို အဆုံးအဖြတ် ပေးသွားခဲ့တာပါ ။ ဒါပေမယ့် တချို့သော တဦးချင်း စွမ်းဆောင်ရည်တွေက ကျွန်တော်တို့ အတွက် ပိုပြီး အရေးကြီးခဲ့ပါတယ် ။ အန်သိုနီ ( ဂေါ်ဒွန် ) ဆို ခြေစွမ်း အရမ်းကောင်းခဲ့ပါတယ် ။ ဘယ်ခြမ်းရော ညာခြမ်းမှာပါ ခြေစွမ်းပြခဲ့ပါတယ် ။ ”

” ဘန်ချေဝဲလ်ဆိုရင်လည်း အရမ်းတော်ခဲ့ပါတယ် ။ သူဟာ ခံစစ်ပိုင်းအရ မာမာထန်ထန် ရှိခဲ့ပြီး ၊ ကျွန်တော်တို့ကို တောင်ပံတိုက်စစ် အားသာချက် ပေးခဲ့ပါတယ် ။ သူဟာ ဒဏ်ရာကြောင့် အချိန် အကြာကြီး နားခဲ့ရတာကြောင့် ကျွန်တော်တို့ သူ့ကို ထိန်းပြီး အသုံးပြုရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR