အနာဂါတ်အတွက် မဆုံးဖြတ်ရသေးတဲ့ ကရူးစ် ၊ အင်္ဂလန် လူစာရင်းအပြောင်းအလဲတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

ကိုင်လ်ဝေါ်ကာ ၊ မက်ဂွဲယား နဲ့ ဂျွန်စတုန်း တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းကနေ အသီးသီး နှုတ်ထွက်ပြီး သက်ဆိုင်ရာ ကလပ်တွေဆီ ပြန်သွားခဲ့ကြပါတယ် ။ အင်္ဂလန် ဟာ ဘယ်လ်ဂျီယံ အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး ရီကို လူးဝစ် နဲ့ ဂျိမ်းစ် ထရက်ဖိုဒ့် တို့ကို လစ်လပ်သွားတဲ့ နေရာတွေ အတွက် ခေါ်ယူအားဖြည့် ထားတယ်လို့ သိရပါတယ် ။

PSG နဲ့ ပြင်သစ် နောက်ခံလူ ခွာဇာဝါ ရဲ့ အေးဂျင့် ကတော့ စပိန် ကလပ်တွေဆီက ဆက်သွယ်မှု အချို့ ရရှိထားတယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ် ။ ခွာဇာဝါ ဟာ ရာသီအကုန်မှာ PSG နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ အလားအလာ များပြားနေပါတယ် ။

 

ဂျာမန် လက်ရွေးစင် နည်းပြ နာဂျယ် စမန်း ကလည်း သူ နဲ့ ဂျာမနီ အသင်းတို့ရဲ့ စာချုပ် ကိစ္စအပေါ် ဆွေးနွေးမှု မရှိသေးဘူးလို့ ပြောဆိုသွားခဲ့ ပါတယ် ။

အက်စတွန် ဗီလာ အသင်းကတော့ ၂၀၂၅ မှာ သက်တမ်း ကုန်မယ့် လူငယ်လေး ရွိုင် ဝီလ်ဆင် ကို သက်တမ်းရှည် စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းကတော့ အခု နွေရာသီမှာ မန်ယူနိုက်တက် တောင်ပံ ကစားသမား မေဆင် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။ မန်ယူနိုက်တက် ဘက်ကတော့ ယူရို သန်း ၆၀ နီးပါး တောင်းဆိုဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ရီးရဲ မက်ဒရစ် ကွင်းလယ် ကစားသမားကြီး တိုနီ ကရူးစ်ကတော့ သူ့ရဲ့ အနာဂါတ် ကို လာမယ့် ၁ လ ၂ လ အတွင်း ( ရာသီမကုန်ခင် ) ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ် ။ ရီးရဲမက်ဒရစ် ကတော့ ကရူးစ် ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပါတယ် ။

 

အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီသား နည်းပြကြီး မော်ရင်ညို ကတော့ အသင်းသစ် တသင်းသင်းဆီ အမြန် ရောက်ရှိလိုပြီး နွေရာသီ အပြောင်းအရွှေ့ ကို ပါဝင် လုပ်ဆောင်လိုကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ နယူးကာဆယ် စတား အန်တိုနီ ဂေါ်ဒွန် ကို ဘယ်လ်ဂျီယံ နဲ့ ခြေစမ်းပွဲမှာ အခွင့်အရေး ပိုမို ပေးသွားဖို့ ရှိနေသလို ယူရို ၂၀၂၄ ပြိုင်ပွဲကိုလည်း ခေါ်ဆောင်သွားနိုင်ချေ ရှိတယ်လို့ သတင်း ထွက်ပေါ်နေပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းဟာ ချဲလ်ဆီး နောက်ခံလူ အီရန် မတ်ဆန် ကို စိတ်ဝင်စားနေပြီး ခံစစ်ကို အားဖြည့်ဖို့ အတွက် ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့လည်း သိရှိရပါတယ် ။

 

SPORTS MYANMAR