ပွဲ ၂၀၀ မြောက်ကို ဟက်ထရစ်နဲ့ ပိတ်တဲ့ ဘာပေ ၊ အရှုံးကို မသိသေးတဲ့ လေဗာကူဆင်တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဝက်စ်ဟမ်း နဲ့ အက်စတွန် ဗီလာ တို့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။ FA Cup ကွာတားဖိုင်နယ် မှာတော့ ချဲလ်ဆီးက လက်စတာ ကို ၄-၂ ၊ မန်ယူနိုက်တက် က လီဗာပူး ကို ၄-၃ တို့နဲ့ အသီးသီး အနိုင် ကစားပြီး ဆီမီးဖိုင်နယ် တက်လှမ်းခဲ့ကြ ပါတယ် ။ ဆီမီး ဖိုင်နယ် မှာတော့ ချဲလ်ဆီး က မန်စီးတီး ၊ မန်ယူနိုက်တက် က ကိုဗင်ထရီ တို့နဲ့ ကစားရမှာပါ ။

အီတလီ စီးရီးအေ မှာတော့ ဦးဆောင်သူ အင်တာမီလန် နဲ့ လက်ရှိ ချန်ပီယံ နာပိုလီ တို့ ၁ ဂိုးစီ သရေကျခဲ့ ကြပါတယ် ။ လက်ရှိမှာတော့ အင်တာမီလန် က ဒုတိယနေရာက အေစီမီလန် ကို ၁၄ မှတ်အထိ ဖြတ်ပြီး အပြတ် အသတ် ဦးဆောင်နေပါတယ် ။

မော်ရင်ညို ထွက်ခွာ အပြီးမှာ ရလဒ်တွေ ကောင်းမွန်လာတဲ့ ရိုးမား အသင်းဟာလည်း ဆာဆူအိုလို အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာက ဘိုလော့ညာ အသင်းနဲ့ ၃ မှတ်အကွာအထိ ရောက်ရှိလာနိုင်ခဲ့ ပါတယ် ။

 

လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို အဝေးကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ဂီရိုနာ အသင်းရဲ့ ရှုံးနိမ့်မှုကြောင့် အဆင့် ၂ နေရာကို သိမ်းပိုက် သွားနိုင်ခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် ယိုဝေါင် ဖဲလစ် ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင်လည်း ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

ရီးရဲ မက်ဒရစ် ကတော့ အဆင့် ၁ နေရာကနေ ၈ မှတ်အထိ ဖြတ်ထားလိုက်ပါပြီ ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ လေဗာကူဆင် ဟာ အဝေးကွင်းမှာ ဖရိုင်းဘတ် အသင်းကို ၃-၂ နဲ့ အနိုင် ကစားပြီး ဘိုင်ယန် ကို ၁၀ မှတ် ဆက်လက် ဖြတ်ထားခဲ့ ပါတယ် ။ ဒေါ့မွန် ကလည်း အိမ်ကွင်းမှာ ဖရန့်ဖတ် ကို ၃-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ အဝေးကွင်းမှာ မောင့် ပယ်လီယာ အသင်းကို ၆-၂ နဲ့ အနိုင် ကစားသွားပြီး အဆင့် ၁ နေရာကနေ အမှတ်ဖြတ်ကာ ဆက်လက် ဦးဆောင်နေပါတယ် ။ ဒီပွဲမှာ တိုက်စစ်မှူး ခီလီယံ အမ်ဘာပေ က ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ် ။

အီတလီ ကလပ် ဆလာနီတာလာ အသင်းကတော့ နည်းပြဟောင်း ဖိလစ်ပို အင်ဇာဂီ ကို ပြန်လည် ခန့်အပ်ဖို့ ကြိုးစားနေတယ်လို့ ကြားသိရပါတယ် ။

 

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ကတော့ အခုလာမယ့် နိုင်ငံတကာ ရက်သတ္တပတ် ကာလမှာ သူ့ ကစားသမားတွေ ဒဏ်ရာ ပြဿနာ မရှိဘဲ ပြန်ရောက်လာဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR