ကွာတားမှာ အာဆင်နယ် ၊ မန်စီးတီး တို့နဲ့ မတွေ့တာ သူတို့ ကံကောင်း သွားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အင်းနရစ်

 

လူးဝစ် အင်းနရစ် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ အသင်း‌ဟောင်း ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစားရမယ့် အပေါ် ရင်ခုန် စိတ်လှုပ်ရှား နေပြီး ပိုမို ခက်ခဲတဲ့ ပြိုင်ဘက် ၊ လမ်းကြောင်းထဲ မရောက်သွားခဲ့တာ ကံကောင်း သွားခဲ့တယ်လို့ ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ပီအက်စ်ဂျီ အသင်းဟာ ကွာတားဖိုင်နယ် မှာ ဘာစီလိုနာ အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါက ဆီမီးဖိုင်နယ်မှာ အက်သလက်တီကို မက်ဒရစ် နှင့် ဒေါ့မွန် ပွဲက အနိုင်ရတဲ့ အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ တစ်ဖက်မှာတော့ အာဆင်နယ် Vs ဘိုင်ယန်မြူးနစ် ပွဲက အနိုင်ရတဲ့ အသင်းဟာ ရီးယဲလ်မက်ဒရစ် Vs မန်စီးတီး ပွဲက အနိုင်ရတဲ့ အသင်း နဲ့ ကစားရပါမယ် ။

ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရစ် ကတော့ ကွာတားဖိုင်နယ်မှာ အသင်းဟောင်း ဘာစီလိုနာ နဲ့ တွေ့ဆုံ နေမှုအပေါ် ” ကျနော်တို့ ကံကောင်း သွားခဲ့တာပါ ။ ကျနော်တို့စပိန် ကို သွားရမှာ ဖြစ်ပြီး ကျနော်လည်း ဘာစီလိုနာ ကို ပြန်ရမယ့် ပွဲပေါ့ဗျာ ၊ ကျနော့် ကစားသမား ဘဝ အချိန် အများစုကို ကုန်ဆုံး ခဲ့တဲ့ နေရာကို တစ်ခေါက် ပြန်ရတော့မှာပေါ့ ။ ”

” ဒီပြိုင်ပွဲမှာ တစ်ဦးချင်း အရည်အ‌သွေး မြင့်မားတဲ့ ကစားသမားတွေ အများကြီး ရှိနေတဲ့ ထိပ်သီး အသင်း‌တွေနဲ့ ကစားရမယ် ဆိုတာ ကျနော်တို့ သိပြီးသားပါ ။ လမ်းကြောင်း နှစ်ခု ရှိတာမှာ ကျနော်တို့က ဒေါ့မွန် ၊ ဘာကာ ၊ အက်သလက်တီကို တို့ နဲ့ လမ်းကြောင်း တစ်ခုတည်း ကျနေပါတယ် ၊ ကျနော်တို့ အသင်းအားလုံး ဗိုလ်လုပွဲ တက်ဖို့ အခွင့်အရေး ကိုယ်စီ ရှိကြပါတယ် ။ ”

” ကျနော်တို့ အနေနဲ့ ကွင်းထဲမှာ ဗိုလ်လုပွဲ တက်ဖို့ အရည်သွေးတွေကို ပိုင်ဆိုင်ထားကြောင်း ပြသနိုင်ဖို့ လိုပါတယ် ။တခြား လမ်းကြောင်းတစ်ဖက်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေကြတဲ့ ရီးယဲလ်မက်ဒရစ် ၊ မန်စီးတီး ၊ အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ် တို့ ရှိနေကြပါတယ် ၊ တကယ့်ကို အခက်ခဲဆုံး ဖြစ်မယ့် အတွဲအဖက်တွေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM