ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သုံးသပ်ချက်

 

၂၀၂၃-၂၄ ရာသီအတွက် ဥရောပ ရဲ့ အဆင့်အမြင့်ဆုံး ကလပ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးအတွက် ကွာတားဖိုင်နယ် အတွဲအဖက်တွေ ပေါ်ထွက်လာခဲ့ပါပြီ ။ ဧပြီလထဲမှာ ယှဉ်ပြိုင် ကစားကြမယ့် ဒီပွဲစဉ်တွေ အတွက် ခြုံငုံ သုံးသပ်ရရင်တော့ မျှတမှုရှိတဲ့ အတွဲအဖက်တွေ ဖြစ်ပြီး ပွဲကြီး ပွဲကောင်းတွေကို ခံစားကြရမှာ အသေအချာပဲလို့ ပြောလို့ရနိုင်ပါတယ် ။

ဘိုင်ယန်မြုးနစ် နဲ့ အတိတ်တုန်းက ဆုံတွေ့ခဲ့မှုတွေကို သမိုင်းလှန်ပြီး အာဆင်နယ် အပေါ် လှောင်ပြောင် ကျီစယ်မှုတွေ ရှိနေပေမယ့် တကယ်တမ်းမှာတော့ လက်ရှိ အနေအထားဟာ အာဆင်နယ် အတွက် ဘိုင်ယန်မြူးနစ် နဲ့ ရင်ဆိုင်ဖို့ မဲကျတာဟာ ရီးရဲ ၊ မန်စီးတီး တို့လို အသင်းတွေနဲ့ မဲကျတာထက် အများကြီး ပိုကောင်းတယ်ဆိုတာကိုတော့ လက်ခံပေးရမှာပါ ။

This photograph taken on December 18, 2023, shows the UEFA Champions League cup ahead of the 2023-2024 UEFA Champions League football tournament round of 16 draw at the House of European Football in Nyon. (Photo by Fabrice COFFRINI / AFP)

ဘိုင်ယန် ဟာ တချိန်တုန်းက အာဆင်နယ် ကို နှစ်ကျော့ပေါင်း ၁၀ ဂိုး ၊ ဘာစီလိုနာ ကို တပွဲတည်း ၈ ဂိုး သွင်းခဲ့တဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် ဘက်မှာ အာဆင်နယ် ဘက်ကို ဂိုးအများဆုံး သွင်းထားဖူးတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ပါဝင်လာမှာ ကိုတော့ ထည့်စဉ်းစားရပါမယ် ။ အာဆင်နယ် က ဘိုင်ယန် ထက် သာတယ်လို့ ပြောလိုတာ မဟုတ်ပေမယ့် အာတီတာ သာ အသေအချာ ပြင်ဆင်နိုင်မယ်ဆိုရင် အားပျော့ နေတဲ့ ဂျာမန် ဘီလူးကြီးကို ဂန်းနားတို့ အထိနာအောင် ထိုးနှက်နိုင်ချေ ရှိနေပါတယ် ။

PSG ကစားသမားဘ၀ နောက်ဆုံးရာသီမှာ မိခင် နိုင်ငံရဲ့ ထိပ်သီး ကလပ်အတွက် အစွမ်းကုန်ပေးဆပ်ချင်တဲ့ ခီလီယံ အမ်ဘာပေ အတွက်လည်း ဘာစီလိုနာ နဲ့ ရင်ဆိုင်ရတာကို ပျော်ရွှင်နေမိမှာပါ ။ PSG ရဲ့ လက်ရှိ အင်အား ဟာလည်း အကောင်းဆုံး အနေအထားမဟုတ်ပေမယ့် သူတို့နဲ့ ရင်ဆိုင်ရမယ့် ဘာစီလိုနာ ကလည်း မတိမ်းမယိမ်း မှာ ရှိနေတာပါ ။ ဘာစီလိုနာဘက်က ကြည့်မယ်ဆိုရင်လည်း PSG နဲ့ ကစားရတာကမှ အခြား ရွေးချယ်စရာတွေထက် ပိုပြီး ဆီမီးတက်နိုင်ချေ ရှိမယ်လို့ ယူဆနေမှာပါ ။ ၂ သင်းစလုံး နောက်တဆင့် တက်နိုင်ချေ ရှိပေမယ့် ဘာပေ ကတော့ ခြားနားတဲ့ ကစားသမား ဖြစ်နေမှာ သေချာပါတယ် ။

PARIS, FRANCE – FEBRUARY 07: Kylian Mbappe of PSG runs with the ball during the French Cup match between Paris Saint-Germain and Stade Brestois 29 at Parc des Princes on February 07, 2024 in Paris, France. (Photo by Franco Arland/Getty Images)

ဒေါ့မွန် နဲ့ အက်သလက်တီကို မက်ဒရစ် ပွဲကလည်း တကယ်ကို မျှတပါတယ် ။ ၈ သင်းထဲမှာ အားအနည်းဆုံး ၂ သင်း ဆုံတွေ့ ကြတာဖြစ်ပြီး အေတီကို မက်ဒရစ် ကပဲ အင်တာမီလန် နဲ့ ပွဲကလို ပွတ်ကာ သီကာ နောက်တဆင့် တက်လာမလားဆိုတာ စောင့်ကြည့် ရဦးမှာပါ ။ ဒေါ့မွန် ရဲ့ လုပ်နိုင်စွမ်းကို လျော့တွက်ရင်တော့ ဆီးမြွန်းနီ စိတ်ပျက်သွားရမှာပါ ။

ကွာတားဖိုင်နယ် ရဲ့ စိတ်ဝင်စားမှု အရှိဆုံး အသင်းကတော့ မန်စီးတီး နဲ့ ရီးရဲ မက်ဒရစ် ပွဲဆိုတာ မေးစရာတောင် လိုမှာ မဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ နောက်ဆုံး ၂ ရာသီမှာ သူတို့ ၂ သင်းတွေ့ဆုံတဲ့ ပွဲတွေက အနိုင်ရသူတွေဟာ ဥရောပ ချန်ပီယံအဖြစ် သရဖူဆောင်းထားခဲ့တာပါ ။ ဒီတခေါက်မှာလည်း ဒီ ၂ သင်းထဲက အနိုင်ရမယ့် အသင်းကပဲ ချန်ပီယံ ဖြစ်လာဖို့ ရေပန်းစားနေဦးမှာပါ ။

လက်ရှိ အနေအထားနဲ့ ဆိုရင်တော့ ရီးရဲ က မန်စီးတီးထက် နှာတဖျားသာနေပါတယ် ။ ဘယ်လင်ဟမ် ရဲ့ ပါဝင်မှု ၊ မန်စီးတီး ဘက်မှာ ကယ်ဗင် ဒီဘရိုင်းနား အရင်လို ပုံစံမျိုး ပြန်ရဖို့ လိုအပ်နေသေးတာတွေက ဒီတခါ တွေ့ဆုံမှုမှာ မက်ဒရစ်သားတွေကို အလေးသာနေစေနိုင်ပါတယ် ။ ဒါပေမယ့် ဒီပွဲတွေကစားဖို့ ရက် ၂၀ လောက် လိုသေးတာကြောင့် ကြားထဲမှာ အပြောင်းအလဲတွေလည်း ဖြစ်ချင် ဖြစ်လာဦးမှာပါ ။ နှစ်တိုင်းလိုလို တွေ့နေကျ ဖြစ်လို့ တသင်းအကြောင်း တသင်းက ကောင်းကောင်း သိနေမယ်ဆိုတာကတော့ အသေအချာပါပဲ ။ ၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စောစောကြည့်လိုက်ရတယ်လို့ပဲ သဘောထားရတော့မှာပါ ။

ဘယ်အသင်းတွေ နောက်တဆင့် တက်လာမယ် ထင်သလဲဗျာ ?