အီတလီ ကို အနိုင်ရခဲ့တဲ့ ပွဲအပြီး အာဆင်နယ် ရဲ့ ပစ်မှတ် အင်္ဂလန် ကြယ်ပွင့် ကို ချီးကျူးလိုက်တဲ့ ဂျိုကိုးလ်

ဂျိုကိုးလ် က အီတလီအသင်းကို အနိုင် ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အပြီးမှာ အင်္ဂလန် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဒီကလန် ရိုက်စ် ဟာ ပွဲအတွင်း အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

နေပယ်လ်မှာ ကစားခဲ့တဲ့ ပွဲမှာ အင်္ဂလန် အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ရဲ့ သွင်းဂိုး ၊ ဟယ်ရီကိန်း ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အီတလီ အသင်း ကို ၁-၂ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ် က ပွဲအပြီး Channel 4 မှာ ဒီကလန်ရိုက်စ် ကို ခုလို ချီးကျူး သွားခဲ့ပါတယ် ။

” ဒီကလန်ရိုက်စ် က ကွင်းအတွင်း အကောင်းဆုံး ကစားသမားပါပဲ ၊ တခြားသူတွေထက် တစ်မိုင်လောက် ပိုကောင်း ခဲ့တာပါ ။ သူ့ရဲ့ သွင်းဂိုးက အီတလီ ရဲ့ခံစစ်ပိုင်း ဆိုးရွားမှု ကြောင့် ဆိုပေမယ့် သူက ကန်သွင်းဖို့ အသင့် အနေအထား ရှိနေခဲ့တာပါ ။ အထောင်တိုက်စစ်မှူး တစ်ဦးသာဆို သူ့ရဲ့ instinct ကောင်းတယ် လို့ ကျနော်တို့ ပြောရမှာပါ ။ ”

” သူ က ပွဲအစကနေ အဆုံး အထိ တကယ် ထူးချွန် ပြောင်မြောက်အောင် ကစား သွားခဲ့ပါတယ် ။ ဒါပေမယ့် အီတလီ အသင်း ရဲ့ ခံစစ် ကစားပုံ ကို ကျနော် ကတော့ ဝေဖန် ချင်ပါတယ် ၊ အီတလီ က ခံစစ် နဲ့ ပတ်သက်ပြီး နာမည်ကျော်တဲ့ အသင်းပါ ၊ ဒါပေမယ့် ပထမပိုင်း အတွင်း အီတလီ ရဲ့ ခံစစ် ကစားပုံက လက်ခံ နိုင်စရာကို မရှိပါဘူး ။ ”

” ခံစစ် ကစားသမား အများစုက အာရုံ စူးစိုက်မှု မရှိ ဖြစ်နေခဲ့ပါတယ် ။ ဒါပေမယ့် ရိုက်စ် ကတော့ ချီးကျူး ဂုဏ်ပြုဖို့ ထိုက်တန်သူပါ ၊ ဘာကြောင့်လဲဆိုတော့ သူ ကန်သွားတာ အထောင်တိုက်စစ်မှူး တစ်ဦးလိုပါပဲ ၊ သူ ကန်သွားတာ အတော်လေး ကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ နိုင်ငံ အသင်းဖော်တွေ ချန်ပီယံလိဂ် ကစားနေကြတာကို မြင်ရတဲ့ အခါမှာ မနာလို ဖြစ်မိကြောင်း ဝန်ခံထားပြီး အသင်း ပြောင်းဖို့ ကို နွေရာသီ မှာ စဉ်းစား ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။ ဒါကြောင့် ရိုက်စ် ရဲ့ အသင်းသစ်ဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်း ဖြစ်ဖို့ များနေပါတယ် ။

အာဆင်နယ် အသင်းဟာ အသက် အရွယ် ကြီးရင့်လာတဲ့ ပါတေး နှင့် ရှာကာတို့ နေရာ အစားထိုးဖို့ရာ ကွင်းလယ်လူ ခေါ်ယူ လိုနေပြီး ရိုက်စ် ကို နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရိုက်စ် နဲ့ ပတ်သက်ပြီး စုံစမ်း ဆက်သွယ်မှုတွေတောင် လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

သတင်းတွေ အရတော့ ရိုက်စ် ဟာ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် အာဆင်နယ် နဲ့ ချဲလ်ဆီး မှာ အခွင့်အရေးများနေပါတယ် ၊ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ သူတို့ရဲ့ ပစ်မှတ် ဖီးလစ် ၊ မူဒရစ် တို့ နှစ်ဦးကို ချဲလ်ဆီး အသင်းထံ လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်းထက်စာရင် ရိုက်စ် ကို ကာလရှည်ကြာ စိတ်ဝင်စား နေခဲ့တဲ့ အသင်းပါ ။ အာဆင်နယ် အသင်းကတော့ ဝက်စ်ဟမ်း ဘက်က သတ်မှတ်မယ့် ဈေးဟာ လာမယ့် နွေရာသီ တုန်းကထက်စာရင် ပိုပြီး လက်တွေ့ဆန်တာကြောင့် ရိုက်စ် ကို စိတ်ဝင်စား လာခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဒေးဗစ်မိုယက်စ် ကတော့ ရိုက်စ် ကို ဈေးလျှော့ပေးဖို့ မရှိဘူးလို့ ဆိုလိုက်ပြီး ဒီဇန်နဝါရီ မှာ ဖြစ်ပေါ် ခဲ့တဲ့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ် ရဲ့ ပြောင်းရွှေ့ကြေး ထက် ပိုများတဲ့ ပမာဏ နဲ့ ကမ်းလှမ်းဖို့ လိုတယ်လို့ ပြောကြား ထားပါတယ် ။

SM