တန်ဟတ်အပေါ် မှတ်ချက်ပေးရင်း ယူနိုက်တက်ကို သတိိပေးလိုက်တဲ့ ရော်ဘင် ဗန်ပါစီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ ရော်ဘင် ဗန်ပါစီ က အဲရစ် တန်ဟတ် ဟာ အသင််းဟောင်းကို ထိပ်တန်း အဆင့် ပြန်ရောက်အောင် ကူညီိပေးနိုင်မယ်လို့ ထောက်ခံရင်း ဒီအတွက် သူ့ကို အချိန််ပေးဖို့ လိုအပ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့တာ ဖြစ်ပြီး ယိုယွင််းနေခဲ့တဲ့ အသင်းကို ထင်မှတ်မထားနိုင်လောက်အောင်် ပြုပြင်ပြောင်းလဲပေးသွားနိုင်ခဲ့ပြီး ကာရာဘောင်ဖလားကိုလည်း ရယူဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူလျှောက်လှမ်းခဲ့ရတဲ့ လမ်းတွေကတော့ ထင်သလောက် မလွယ်ကူခဲ့ရပါဘူး။ တန်ဟတ်ဟာ ရာသီကြို ပွဲစဥ်တွေကတည်းက စည်းကမ်းပိုင်းအားနည်းခဲ့တဲ့ အသင််းသားတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့ပြီး ဒဏ်ခတ််မှုတွေလည်း လုပ်ဆောင်ခဲ့ရပါတယ် ။

ဒါ့အပြင် ရာသီ အစမှာပဲ ယူနိုက်တက် တို့ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် တို့ကို ရှုံးနိမ့်ပြီး ဝေဖန်မှုတွေအောက်ကျရောက်နေခဲ့ချိန်မှာ တန်ဟတ်က သူ့ရဲ့ ကစားကွက်ထဲ အံမဝင်တဲ့ ကစားသမားတွေကို အဝေဖန်ခံခဲ့ပြီး အရန်ခုံပေါ် ပို့ဆောင််တဲ့ အထိ ပြတ်သားခဲ့ရပါတယ် ။

အခုတော့ ရလဒ် တစ်ခု အနေနဲ့ ရာသီ အစတုန်းက အမှတ််ပေး ဇယား အောက်ခြေမှာ ရပ်တည်နေခဲ့ရတဲ့ ယူနိုက်တက်တို့ ပြိုင်ဖက်တွေထက် နှစ်ပွဲလျော့ ကစားထားခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရပ််တည်နိုင်ခဲ့ပါပြီ ။

ဒါ့အပြင် ယူနိုက်တက်တို့ ကာရာဘောင် ဖလားကို ရယူဆွတ်ခူးခဲ့ပြီး ဖြစ်သလို FA ဖလား နဲ့ ယူရို ပါလိဂ် ဖလား တို့ကိုပါ ဆွတ်ခူးနိုင်ခွင့် ပိုင်ဆိုင်နေခဲ့ရပါပြီ ။ အခုတော့ ဗန်ပါစီ က အဲရစ် တန်ဟတ်ကို ချီးမွမ်းရင်း ဆုဖလားတွေ ဆက်လက်ဆွတ်ခူးရေးအတွက် အချိန်ပေးဖို့ လိုအပ်မယ်လို့ သတိပေးသွားခဲ့လိုက်ပါတယ် ။

” ဆုဖလားတွေလား? ဟုတ်တာပေါ့ ၊ သူ အခုပဲ တစ်လုံး ရယူပေးခဲ့ပြီးပြီလေ ။ အဲ့တာက သူ့ရဲ့ ဖိအားတွေကို နည််းပါးစေနိုင်ခဲ့ပါတယ် ။ အဲ့တာက သူ့ကို နောက်ထပ် အချိန််ပို ပေးလိုက်သလို ဖြစ်စေခဲ့ရပါတယ် ။ သူဟာ အလုပ်ကို အကောင်းနိုင်ဆုံး ဖြစ်အောင် လုပ်ပြနေခဲ့တာပါပဲ ”

” သူတို့ အခု ကစားနေပုံကို ကြည့်ရတာ တကယ်ပဲ ပျော်ရွှင်စရာ ကောင်းလှပါတယ် ။ အဲ့တာတွေက သူ့ရဲ့ ဖလော်ဆော်ဖီ ၊ အသင်းကို တည်ဆောက်ပုံတွေကြောင့် ဖြစ်လာခဲ့ရတာပါ ။ အကယ်လို့ သူ့ကို အချိန်တွေသာ ထပ်ပေးရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထိပ်တန်း အဆင့်ကို ပြန်ရောက်လာပါလိမ့်မယ် ”

” အဲ့ဒီလိုသာ လုပ်ရင် အသင်းဟာ တည်ငြိမ်မှုနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့အသင်းမျိုး ဖြစ်လာပါလိမ့်မယ် ။ သူက ဒီရာသီမှ စတင် ကိုင်တွယ်တာမို့လို့ အမှတ်ပေး ဖလားကိို ဆွတ်ခူးဖို့ အကြောင်း ပြောရင် အရမ်းကို စောနေသေးပါဦးမယ် ”

” ဒါပေမဲ့ အသင်းကြီးတစ်သင်းအတွက် အရေးကြီးလွန်းတာက ပြိုင်ဖက်ကောင်းတွေနဲ့ ရင်ဆိုင် ယှဥ်ပြိုင် ကစားနိုင််ရေးပါပဲ ။ အဲ့တာကို တန်ဟတ် ရဲ့ ပထမဆုံး ရာသီမှာပဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ သူ့အပေါ် စိတ်ရှည်ပြီးအချိန််ပေးဖို့ပဲ လိုအပ်ပါတော့တယ် ” လို့ ဗန်ပါစီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar