နံနက်ခင်းသတင်းများ

ရီးရဲမက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတို့ဟာ လာမယ့် နွေရာသီ ရာသီကြို ခြေစမ်းပွဲ အဖြစ် ဇူလိုင်လ ၂၉ ရက်နေ့ မှာ အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်မှာ ရှိတဲ့ AT&T အားကစား ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစား သွားကြမယ်လို့ သိရပါတယ် ။

 

အာဆင်နယ် အသင်းကလည်း ဇူလိုင်လ ထဲမှာ ဘာစီလိုနာ အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် အကြောင်းကို ထုတ်ပြန် အသိပေးသွားခဲ့ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ဝါရင့် ကွင်းလယ် ကစားသမားကြီး အဲလစ် ဝှစ်ဆယ် ဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကနေ အနားယူသွားခဲ့ ပါတယ် ။

 

PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ မနက်ဖြန် မှာ ကစားမယ့် အဂျာစီယို အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် လာမယ်လို့ ကလပ် အသင်းဘက်က အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ဟာ လက်ရှိ အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ဇာတိမြေ ဘရာဇီး က ဖလူမီနီးစ် အသင်းထံ ပြန်သွားဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်းတခု ထွက်ပေါ် လာခဲ့ ပါတယ် ။

 

အင်တာ ကို အငှား ထွက်ကစားနေတဲ့ တိုက်စစ်မှူး လူကာကူ ကတော့ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ့်သူနဲ့ သူ့ရဲ့ အနာဂါတ် ကို ဆွေးနွေး တိုင်ပင် သွားဖို့ ရှိနေပါတယ် ။

 

မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဆန်ဒါးလန်း မှာ အငှားထွက် ကစားပြီး ခြေစွမ်းပြ ခဲ့တဲ့ လူငယ်လေး အာမက် ဒီရယ်လို ဟာ အသင်းမှာ အနာဂါတ် ရှိသူ တယောက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ဝက်စ်ဟမ်း ကွင်းလယ် အမာခံ ကစားသမား ဒီကလန် ရိုက်စ် ဟာ နွေရာသီမှာ အသင်းပြောင်းရွှေ့ နိုင်ချေ ရှိကြောင်း နည်းပြ ဒေးဗစ် မိုရက်စ် က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ယူနိုက်တက် ၊ လီဗာပူး နဲ့ နယူးကာဆယ် တို့ဟာ နိစ် အသင်း ( Nice ) မှာ ကစားနေတဲ့ ၂၁ နှစ် အရွယ် နောက်ခံလူ တိုဒီဘို ကို အပြိုင် စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ကနေ ချဲလ်ဆီး ကို ရောက်ရှိ နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးလေး ယိုဝေါင် ဖဲလစ် ဟာ လာမယ့် ရာသီမှာလည်း အခု အငှား လာကစားနေတဲ့ ပရီးမီးယားလိဂ် မှာ ဆက်လက် ကစားဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ် ။

 

ဘရိုက်တန် အသင်းဟာ ကွင်းလယ်လူ ကိုင်စီဒို ကို လာမယ့် နွေရာသီမှာ လက်လွှတ် ဆုံးရှုံး ရနိုင်ချေ ရှိတာကြောင့် အစားထိုး နိုင်မယ့် ကစားသမားကို ကြိုတင် ရှာဖွေ စာရင်းပြုစု နေတယ်လို့ သိရပါတယ် ။

ဒါ့အပြင် ဘရိုက်တန် ဟာ ဒေါ့မွန် ကွင်းလယ်လူ မိုဟာမက် ဒါဟွတ် ကိုလည်း ခေါ်ယူဖို့ ပြောဆို ဆွေးနွေး နေတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR