” အာတီတာရဲ့ အနိမ့်ပါးဆုံး ရက်စွဲ ဖြစ်လာမယ် ” လို့ ပြောလိုက်တဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က ဒီတစ်ပါတ် ဘိုင်ယန် မြူးနစ် အသင်း နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယ အကျော့ ပွဲစဥ်မှာ အာဆင်နယ် အသင်းဟာ underdog ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း နဲ့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်းတို့ဟာ ကြာသပတေး နေ့မှာ အလိုင်းယန့် အရီနာ ကွင်းထဲ ချန်ပီယံလိဂ် ဒုတိယ အကျော့ ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။

သူတို့ဟာ ပထမအကျော့တုန်းက တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ဒီပွဲစဥ်က နှစ်သင်းလုံးအတွက် အသည်းအသန် ကစားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ရုန်းကန်ရမဲ့ ပွဲစဥ်မျိုး ဖြစ်နေခဲ့ရပါပြီ ။

အဆိုပါ ပွဲစဥ်မတိုင်မီမှာတော့ ဒီပွဲမှာ ဘိုင်ယန်ဟာ အိမ်ကွင်း အားသာချက် ရှိနေကြောင်း ၊ အာဆင်နယ် အသင်း အနေနဲ့ ဒီပြိုင်ပွဲမှ ရှုံးပြီး ထွက်ခွာရရင် နည်းပြ အာတီတာ လက်အောက် အနိမ့်ပါးဆုံး ရက်စွဲ ဖြစ်သွားလိမ့်မယ်လို့ပါ ပြောခဲ့လိုက်ပါတယ် ။

” ဒီပွဲစဥ်က ဘိုင်ယန် မြူးနစ် အသင်းအတွက် အကျိုး ကျေးဇူး များတယ်လို့ ထင်မိပါတယ် ။ ဘိုင်ယန် မြူးနစ် က အိမ်ကွင်း ကစားရမှာပါ ။ ပြီးတော့ ဒီပြိုင်ပွဲရဲ့ အခုလို အဆင့်မှာ သူတို့ဟာ အတွေ့အကြုံ ကြွယ်ဝကြတယ်လေ ”

” အာဆင်နယ် လည်း နိုင်သွားနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘိုင်ယန် က ပိုပြီးအခွင့်သာပါတယ် ။ တော့တင်ဟမ် အသင်းရဲ့ အသင်း ခေါင်းဆောင်ဟောင်း ဟယ်ရီ ကိန်း က သူတို့က ပြိုင်ပွဲကနေ ထုတ်ပစ်နိုင်စွမ်းရှိတယ်လို့ စိတ်ကူးယဥ်ကြည့်လိုက်ပါ ”

” အာဆင်နယ် အတွက် ဒီရာသီရဲ့ အကြီးမားဆုံး ပွဲစဥ်က ဘိုင်ယန် နဲ့ ဒီပွဲပါပဲ ။ အကယ်လို့ သူတို့သာ ဒီပွဲကို ရှုံးနိမ့်ခဲ့ရင်… အာဆင်နယ် အသင်းဟာ နည်းပြ အာတီတာ ရဲ့ လက်အောက်မှာ အနိမ့်ပါးဆုံး ရက်စွဲကို ပိုင်ဆိုင်သွားပါလိမ့်မယ် ”

” သူတို့ဟာ ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့တဲ့ကြားက ပရီးမီးယားလိဂ်မှာ အထိန်းအကွပ်မဲ့ခဲ့ကြတယ်လေ ။ ပြီးတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကပါ ထွက်ခွာသွားရမယ်ဆိုရင်.. အာဆင်နယ် အတွက် ကျွန်တော် စိုးရိမ်မိပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM