ချန်ပီယံဖြစ်လာတဲ့ လေဗာကူဆင် ၊ သက်သာလာတဲ့ ရိုးမားနောက်ခံလူ ၊ ရှုံးပွဲကြုံ အသင်းကြီးတွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

 

မနေ့ညက ကစာိးခဲ့တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ လေဗာကူဆင် အသင်းဟာ ဝါဒါဘရီမင် အသင်းကို ၅-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံဆုကို ရယူဆွတ်ခူး သွားနိုငိခဲ့ ပါတယ် ။ လေဗာကူဆင် အတွက် ဖလော်ရီယန် ဝက်ဇ် က ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပြီး အသင်းသက်တမ်း နှစ် ၁၂၀ အတွင်းမှာ ပထမဆုံး အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ် နဲ့ လီဗာပူး အသင်းတွေဟာ အိမ်ကွင်းမှာ အသီးသီး ရှုံးနိမ့် သွားခဲ့ကြတာကြောင့် မန်စီးတီး အသင်း အဆင့် ၁ မှာ ဆက်လက် ရပ်တည်သွားနိုင်ခဲ့ ပါတယ် ။

အာဆင်နယ် ဟာ အိမ်ကွင်းမှာ အက်စတွန် ဗီလာ အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လီဗာပူး ကလည်း အိမ်ကွင်းမှာပဲ ခရစ္စတယ် ပဲလေ့စ် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် က ကာဂလီယာလီ နဲ့ ၂ ဂိုးစီ ၊ အေစီမီလန် က ဆာဆူအိုလို နဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး ရိုးမား နဲ့ ယူဒီနီးစ် တို့ရဲ့ ပွဲစဉ် ကတော့ ရိုးမား နောက်ခံလူ အီဗန် အန်ဒီကာ ရုတ်တရက် နှလုံးဖောက်ကာ လဲကျခဲ့မှုကြောင့် ရပ်နားခဲ့ပါတယ် ။ အခုချိန်မှာတော့ အန်ဒီကာ ဟာ ဆေးရုံမှာ အခြေအနေ ပြန်လည် ကောင်းမွန် သက်သာလာပြီလို့ သိရှိရပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ စပါး အသင်း ကစားသမား ဘရိုင်ယန် ဂီလ် ဟာ လုံလောက်တဲ့ ကစားခွင့် မရရှိမှုအတွက် အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးနေတယ်လို့ ကြားသိရပါတယ် ။

 

ဒေါ့မွန် တိုက်စစ်မှူး ဆီဘတ်စတီယန် ဟေလာ ကတော့ ဒဏ်ရာ ရရှိသွားတာကြောင့် အက်သလက်တီကို မက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယ အကျော့ကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် အသင်းဟာ လာလီဂါ မှာ ဂျီရိုနာ အသင်းနဲ့ ပုံစံကောင်းတွေ ပြသနေတဲ့ နောက်ခံလူ မီဂွယ် ဂူတီယာရက် ကို နွေရာသီမှာ ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ ကြာိးသိရပါတယ် ။

မနေ့ညက လေဗာကူဆင် နဲ့ ပွဲစဉ်ကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ နာဘီ ကီတာ ကို ဝါဒါဘရီမင် အသင်းက ပြစ်ဒဏ် ချမှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR