ဘိုင်ယန်မြူးနစ် နဲ့ ပွဲမှာ ဂန်းနား ကြယ်ပွင့်ဟာ ကလေး တစ်ယောက်လို ပြုမူနေခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ဒီကာနီယို

 

ဘိုင်ယန်မြူးနစ် အသင်း နဲ့ နှစ်ဂိုး စီ သရေ ကျခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း ရဲ့ ကြယ်ပွင့် ဘူကာရို ဆာကာ ဟာ ကလေးလေး တစ်ယောက်လို ပြုမူ နေခဲ့ကြောင်း ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း ဒီကာနီယို က ဝေဖန် ပြောကြား လိုက်ပါတယ် ။

ဆာကာ ဟာ ပွဲပြီးခါနီးမှာ ပင်နယ်တီ ဧရိယာ အတွင်း လဲကျသွားမှု အပေါ် ပင်နယ်တီ ပေးဖို့ ဒိုင်လူကြီး Nyberg ကို စောဒကတက် တောင်းဆို ခဲ့တာ ဖြစ်ပါတယ် ။ ဆာကာ ရဲ့ ပင်နယ်တီ တောင်းဆိုမှု အပေါ် အမြင် အမျိုးမျိုး ကွဲပြားလျက် ရှိပြီး တချို့က ပင်နယ်တီ ဖြစ်တယ်လို့ ဆိုပေမယ့် တချိူ့ကတော့ ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သုံးသပ် နေကြတာ ဖြစ်ပါတယ် ။

ဒီကာနီယို က Sky Sports Italy မှာ ” ဆာကာ က သူ့ခြေထောက် နဲ့ ပြောင်ပြောင်တင်းတင်းပဲ နော်အာ ကို ဝင်တိုက်ခဲ့တာပါ ၊ ဒါက ပင်နယ်တီ ပေးရမယ့် အလုံး လုံးဝ မဟုတ်ပါဘူး ။ ဆာကာ ရဲ့ အပြုအမူ က အတွေ့အကြုံရင့် ကစားသမား မဟုတ်သေးမှန်း သိသာပါတယ် ။ သူ့ရဲ့ အပြုအမူ က အတွေ့အကြုံ မရှိတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ ။ ” လို့ ပြောကြား သွားခဲ့တာပါ ။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီရန်ရိုက် ဆာကာ နှင့် နော်အာ ဖြစ်ရပ်မှာ ပင်နယ်တီ မပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့‌ဆုံးဖြတ်ချက် ဟာ မှန်ကန်ကြောင်း ထောက်ခံ ပြောဆို သွားခဲ့ပြီး ဆာကာ ရဲ့ ဘောလုံး ဆွဲပြေးတဲ့ လမ်းကြောင်းဟာ နော်အာ ကို ရည်ရွယ်ချက် ရှိရှိ ဝင်တိုက်သလို ဖြစ်ခဲ့ကြောင်း သုံးသပ် သွားခဲ့ပါတယ် ။

SM