ယူနိုက်တက် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ချဲလ်ဆီး ကို တိုက်တွန်းလိုက်တဲ့ ဝီလီယံ ဂါးလက်စ်

 

ချဲလ်ဆီး ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတို့ရဲ့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ဝီလီယံ ဂါးလက်စ် က ခြင်္သေ့ပြာတို့ အနေနဲ့ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကစားသမား နှစ်ဦးကို ခေါ်ယူပါက တိုးတက်မယ်လို့ ယုံ​ကြည်ကြောင်း ပြောကြားခဲ့လိုက်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 9 နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး နောက်ရာသီ ဥရောပ ဝင်ခွင့် ပျောက်ဆုံးသွားနိုင်ခြေ ပိုင်ဆိုင်နေခဲ့ပါတယ် ။ ဒါဟာ ငွေတွေ အများကြီး သုံးစွဲထားခဲ့တဲ့ အသင်းအတွက် အရှက်ရစရာ ဖြစ်သွားဖို့ ရှိနေပါတယ် ။

ချဲလ်ဆီး အသင်းဟာ ပိုင်ရှင်သစ် တော့ဒ် ဘိုလီ ရဲ့ အုပ််ချုပ်မှုအောက်မှာ ကစားသမားသစ် ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် 1 ဘီလီယံကျော် သုံးစွဲထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အသင်းရဲ့ ရလဒ်တွေ တိုးတက် ကောင်းမွန်ခြင်း မရှိလာနိုင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်နေခဲ့ကြရပါတယ် ။

အခုတော့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဝီလီယံ အဲရစ် ဂါးလက်စ် က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ အတွေ့အကြုံများတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် တို့ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

” ဘရူနို ဖာနန်ဒက်စ် ရော မားကပ်စ် ရပ်ရှ်ဖို့ ပါ ချဲလ်ဆီး အသင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့ နှစ်ယောက်စလုံးက အရည်အသွေးတွေ မြင့်မား ကောင်းမွန်ကြတဲ့ ကစားသမားတွေ ဖြစ်ကြတယ်လေ ”

” ချဲလ်ဆီး က လူငယ် အများစုနဲ့ တည်ဆောက်ထားတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် ဆီမှာတော့ သူတို့တွေကို ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေး ရှိနေတယ်လေ ” လို့ ဂါးလက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM