နောက်ဆုံးရ အားကစား သတင်းများ

မနေ့ည တုန်းက ကစားခဲ့တဲ့ အာဖရိကဖလား ပွဲစဉ်မှာ အန်ဂိုလာ အသင်းက မာရူတာနီးယား အသင်းကို ၃-၂ နဲ့ အနိုင် ရခဲ့ပြီး ဘာကီနာ ဖာဆို နဲ့ အယ်လ်ဂျီးရီးယား တို့ ၂ ဂိုးစီ သရေကျသွားခဲ့ ကြပါတယ် ။

အာရှ ဖလား ပွဲစဉ်မှာတော့ တောင်ကိုရီးယား အသင်းဟာ ဂျော်ဒန် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နောက်တဆင့် တက်နိုင်ဖို့ အုပ်စု နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ် ခံယူရတော့မှာ ဖြစ်ပါတယ် ။

 

မော်ရင်ညို ကို ထုတ်ပယ်ပြီး ဒန်နီရယ် ဒီရော့စီ ကို အစားထိုး ခန့်အပ်ခဲ့တဲ့ ရိုးမား အသင်းကတော့ မနေ့ညက စီးရီးအေ ပွဲစဉ်မှာ ဗီရိုနာ အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။

အေစီမီလန် ဟာလည်း ယူဒီနီးစ် အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ အေစီမီလန် ဂိုးသမား မစ်ဂ်နန် ဟာ အသားအရောင်နဲ့ လူမျိုးရေး ခွဲခြားတိုက်ခိုက် ခံခဲ့ရတာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ပြီး ၁၀ မိနစ်ခန့် ပွဲရပ်နားခဲ့ရပါတယ် ။

 

ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်တို့ ခရစ္စတယ် ပဲလေ့စ် ကို ၅-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး ဘရန့်ဖိုဒ့် ကတော့ အိုင်ဗန်တိုနေး ရဲ့ ဖရီးကစ် ဂိုးအပါအဝင် နော်တင်ဟမ် ဖောရက်စ် အသင်းကို ၃-၂ နဲ့ အနိုင် ရရှိခဲ့ပါတယ်

 

ကောလဟာလ သတင်းတခုအရ ဆော်ဒီ ကလပ် အယ်လ် ရှာဘတ် အသင်းဟာ ရိုးမား နည်းပြဟောင်း ဂျိုဆေး မော်ရင်ညို နဲ့ သဘောတူညီမှု ယူနိုင်ခဲ့တဲ့ လို့ သိရပါတယ် ။

 

မန်ချက်စတာ စီးတီး အသင်းကတော့ အဓိက ကစားသမား ကယ်ဗင် ဒီဘရိုင်းနား ကို စာချုပ်သစ် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းက စိတ်ဝင်စား နေတဲ့ တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ ဟော့ဘီယာ ဟာ လန်ဒန် ကလပ်ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိဘူးလို့ ကြားသိရပါတယ် ။

ဒါ့အပြင် အေတီကို မက်ဒရစ် ဟာ နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင် ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် နယူး ဘက်က ပယ်ချသွားခဲ့ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မန်စီးတီး အသင်းရဲ့ စီးပွားရေး ဆိုင်ရာ ဒါရိုက်တာ အဖြစ် တာဝန်ယူ နေတဲ့ အိုမာ ဘာရီဒါ ကို အသင်းရဲ့ CEO အသစ် အဖြစ် ခန့်အပ်လိုက်တယ်လို့ တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ။ ဘာရီဒါ ဟာ မန်စီးတီး မတိုင်ခင်က ဘာစီလိုနာ အသင်းမှာ ၈ နှစ် နီးပါး လုပ်ကိုင်လာခဲ့သူ ဖြစ်ပြီး စီနီယာ ဘောလုံးလောကမှာ ၁၁ နှစ်ကြာ လုပ်သက် ရှိသူ တယောက်လို့ သိရပါတယ် ။

 

SPORTS MYANMAR