အာဆင်နယ် Vs ပဲလေစ့် တို့ရဲ့လန်ဒန်ဒါဘီပွဲအပေါ် ပေါလ်မာဆင် နှင့် ခရစ်ဆပ်တန် တို့ရဲ့ဂိုးရလဒ် ခန့်မှန်းချက်

ပေါလ်မာဆင် (Sportskeeda )

” အာဆင်နယ် အသင်း အနေနဲ့ ချန်ပီယံ တိုက်ပွဲထဲမှာ ဆက်ရှိချင်တယ်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ် ။ ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ် ပွဲတွေဆို နိုင်ရမယ့် ပွဲတွေ ဖြစ်ပေမယ့် သူတို့ အရေးနိမ့် သွားခဲ့ပါတယ် ၊ အာဆင်နယ် အသင်းက သူတို့ဘာသာ သူတို့ ခက်ခဲတဲ့ အခြေအနေ ရောက်အောင် ဖန်တီး လိုက်တာပါပဲ ။ ”

” သူတို့ အနိုင်ရဖို့ မျှော်လင့်ပေမယ့် ဖိအားက နည်းပြ အာတီတာမှာရော ကစားသမားတွေမှာပါ ရှိနေပါတယ် ။ ” အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း အခု အချိန်မှ အာဆင်နယ် အသင်း ကစားသမား တစ်ဦးဦး ကို ခေါ်မယ်ဆိုရင် ကျနော် အံ့အား သင့်မိမှာပါ။ ကစားသမား တစ်ဦးဦး ခေါ်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ဘာကြောင့် အစောကြီး မခေါ်တာလဲ ။ ဒါကြောင့် အာဆင်နယ် အသင်း တိုနေး ကို ခေါ်နိုင်လိမ့်မယ်လို့တော့ ကျနော် ကတော့ မထင်ပါဘူး ။ ”

” အာတီတာ ရဲ့လက်ရှိ အခြေအနေ က မြင်ရတာက အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် နည်းပြ ဘဝ နှောင်းပိုင်းကာ‌လတွေကို ပြန်မြင်နေရသလိုပါပဲ ။ အဲ့ဒီ အချိန်တုန်းက အာဆင်ဝင်းဂါး ရဲ့ အသင်းမှာ ဗဟို နောက်ခံလူလိုအပ် နေတယ်ဆိုတာ အားလုံး သိကြပါတယ် ၊ ဒါပေမဲ့ သူက ခေါင်းမာပြီး အပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူဖို့ ငြင်းဆန် ခဲ့ပါတယ် ။ ”
ခရစါ
” ချန်ပီယံဆု အတွက် အရှိန်မြင့်ဖို့ အာဆင်နယ် အသင်းမှာ အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ် နေပါတယ်။ ဒါပေမဲ့ အာတီတာ က တိုက်စစ်မှူး တစ်ဦး ခေါ်ဖို့ တွန့်ဆုတ် နေဆဲပါ ။ အိုလီဆေး က နှစ်စကတည်းက မန်ယူနိုက်တက် ၊ လီဗာပူး တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ၊ မနှစ်ကတော့ ချဲလ်ဆီး ကို ပြောင်းဖို့ ငြင်းဆန် ခဲ့ပါတယ် ၊ ကျနော်ကတော့ သူ့ရဲ့လုပ်အားနှုန်းကို သဘောကျပါတယ် ၊ သူက ထူးရှယ် ကစားသမား တစ်ဦးပါ ၊ ဘယ်အသင်းရောက်ရောက် ခြေစွမ်းပြ နိုင်ပါလိမ့်မယ် ။ ”

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေစ့်

ခရစ်ဆပ်တန် ( BBC )

” ပဲလေစ့် က ကြားရက်မှာ အက်ဖ်အေဖလား ကနေ ထွက်ခွာ ခဲ့ရတယ်ဆိုပေမယ့် ဟောဒ့်ဆန် ရဲ့ လူစားလဲမှုတွေကို ကြည့်ရင် သူ ဒီပွဲကို အပြည့်အဝ အာရုံစိုက်ထားပုံပါပဲ။ ဟော့ဒ်ဆန် က အာဆင်နယ် အသင်း အခက်တွေ့အောင် လုပ်မှာပါ ၊ ခရစ်စမတ် မတိုင်ခင်တုန်းကလည်း သူ မန်စီးတီးကို ဒုက္ခပေးခဲ့ပြီးပါပြီ ။ ”

LONDON, ENGLAND – OCTOBER 28: Eddie Nketiah of Arsenal scores the team’s second goal during the Premier League match between Arsenal FC and Sheffield United at Emirates Stadium on October 28, 2023 in London, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

” ပဲလေစ့်မှာ အာဆင်နယ် အသင်းကို ထိခိုက်အောင် လုပ်နိုင်တဲ့ အရည်အသွေး ရှိပါတယ် ။ ဒါပေမဲ့ ဒီပွဲက ပဲလေစ့် ခံစစ် ကို ကျော်ဖြတ် ဖို့ အာဆင်နယ် အသင်း နည်းလမ်း ရှာနိုင်မလား ဆိုတဲ့ အပေါ် မူတည်ပါတယ် ၊ လက်ရှိ အချိန်မှာ အာတီတာ ရဲ့ အာဆင်နယ် တိုက်စစ် ကစားသမားတွေက အခွင့်အရေးတွေကို အသုံးမချ နိုင်တဲ့ အပေါ် မေးခွန်းထုတ်မှုတွေကတော့ ရှိနေကြပါတယ် ၊သူတို့ အပြောင်းအလဲတွေ လုပ်နိင်ပါ့မလား ဆိုတဲ့ အပေါ် သံသယ ဖြစ်မိပေမယ့် ကျနော်ကတော့ အာဆင်နယ် အသင်းကို ချန်ပီယံ ပြိုင်ပွဲထဲ ဆက်ရှိစေချင်ပါတယ်။ ရာသီကုန် အထိ မန်စီးတီး ကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ဖို့ဆို အာဆင်နယ် အသင်း ဒီပွဲကို နိုင်ဖို့ လိုပါတယ် ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေစ့်

SM