ဘန်ဇီမာ အစား ပေါင်သန်း ၁၀၀တန် တိုက်စစ်မှူးကိုသာ ခေါ်ယူသွားဖို့ ချဲလ်ဆီးထံ အကြံပြုလာတဲ့ ပတ်နီဗင်

 

ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ စျေးကွက် အတွင်း ပိုလျှံနေတဲ့ ကစားသမား တချို့ ထျုအေနည်းဆုံး တိုက်စစ်မှူးသစ် တဦး ဖြည့်တင်းနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ် ။ အထူးသဖြင့် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို အာဖရိကဖလား အတွက် လက်လွှတ်ထားရချိန် ခြင်္သေ့ပြာတို့ တိုက်စစ်အင်အား ဖြည့်တင်းဖို့ လိုနေပါတယ် ။

လက်ရှိ အထောင်တိုက်စစ်မှာ ချဲလ်ဆီးတို့ အာမန်ဒို ဘရိုဂျာ တဦးတည်းသာ အသုံးပြုနေရကာ ၊ ယင်းအယ်ဘေးနီးယားသားဟာလည်း အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိနေကာ ၊ ကာလရှည် ဒဏ်ရာမှ ပြန်လာပြီးကတည်းက ယုံကြည်မှု ကျဆင်းနေတာကို တွေ့ရပါတယ် ။

စျေးကွက် အတွင်းမှာ ချဲလ်ဆီး အတွက် အထောင်တိုက်စစ်မှူး ခေါ်ယူဖို့ ရွေးချယ်စရာ နည်းလမ်း ၂ရပ် ရှိနေရာ ၊ တနည်းက ကြယ်ပွင့် တိုက်စစ်မှူးတွေကို ကြေးကြီးပေး ခေါ်ယူဖို့ ဖြစ်ပြီး ၊ ကျန်တနည်းက ဆော်ဒီပရိုလိဂ်မှ ဝါရင့်တိုက်စစ်မှူး ကာရင် ဘန်ဇီမာကဲ့သို့ ကစားသမားတွေကို ၆လ အငှား ခေါ်ယူကာ ၊ နွေရာသီစျေးကွက် အတွက် အချိန်ယူ ပြင်ဆင်ဖို့ ဖြစ်ပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးနဲ့ သတင်းထွက်နေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး တချို့ ရှိနေပြီး ဒီအထဲမှာ ဒီရာသီအတွင်း ဘရိုက်တန်နဲ့ စာချုပ်ချုပ်ထားတဲ့ ပေါင်သန်း ၁၀၀ တန်ကြေးရှိ အိုင်ယာလန် ကြယ်ပွင့် တိုက်စစ်မှူး အီဗန် ဖာဂူဆန်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် တောင်ပံကစားသမားဟောင်း ပတ်နီဗင်ကတော့ ဘန်ဇီမာကို ရေတို ခေါ်ယူပြီး ဖြေရှင်းမယ့် အစား အီဗန် ဖာဂူဆန်ကဲ့သို့ အသင်းရဲ့ ပေါ်လစီနဲ့ လိုက်ဖက်မယ့် အနာဂတ် စီမံကိန်း တိုက်စစ်မှူးမျိုးကိုသာ တခါတည်း ကြိုးစား ခေါ်ယူသင့်ကြောင့် အသင်းဟောင်းထံ အခုလိုပဲ အကြံပြုသွားပါတယ် ။

OCB Scores နဲ့ တွေ့ဆုံခဲ့ရာမှာ နီဗင် က ” ချဲလ်ဆီးဟာ ဘယ်နှကြိမ်များ ဝါရင့်တိုက်စစ်မှူးတွေ ခေါ်တဲ့ လမ်းကြောင်းဆီ လျှောက်ခဲ့ဖူးလို့လဲ ? ချဲလ်ဆီး ခေါ်ယူခဲ့တဲ့ ကစားသမား ဘဝရဲ့ နေဝင်ချိန်နဲ့ နီးစပ်တဲ့ အခြမ်းကို ရောက်လာတဲ့ တိုက်စစ်မှူး အရေအတွက်က လက်ချိုးရေလို့ရပါတယ် ။ အဲဒီမှာ ရှက်ဗ်ချန်ကိုနဲ့ တခြားသော ဝါရင့်တိုက်စစ်မှူး နည်းနည်းပါးပါး ကျွန်တော် ပြောနိုင်ပါတယ် ။ ”

” ဒီတိုက်စစ်မှူးတွေ အားလုံးဟာ အံ့သြဖွယ်ကောင်းပေမယ့် ၊ အဲဒီထဲက အနည်းအကျဉ်းသာ ချဲလ်ဆီး အတွက် ဂိုးအမြောက်အမြား သွင်းယူပေးနိုင်ခဲ့ကြပါတယ် ။ အခြားတဖက်မှာ ခင်ဗျားသာ ဂိုးသွင်းခွင့် အများကြီး ဖန်တီးနေနိုင်ရင် ၊ အခု ချဲလ်ဆီးဖက်က လုပ်နေသလိုမျိုးပေါ့ ၊ ခင်ဗျား အနေနဲ့ ဂိုးသွင်းအဆုံးသတ်ပေးမယ့် တစုံတယောက်ကို လိုကောင်းလိုပါလိမ့်မယ် ။ ”

” ( ဘန်ဇီမာကို အငှားခေါ်ဖို့ ) ဒါက ရေတိုဖြေရှင်းမှု တရပ်သာ ဖြစ်လာမယ့် အပြင် ၊ ဒါက ကလပ်ဖက်က ကျင့်သုံးနေတဲ့ အပြောင်းအရွှေ့ ပေါ်လစီနဲ့လည်း ဆန့်ကျင်နေပါတယ် ။ ဒါက အံ့အားသင့်စရာကောင်းလိမ့်ပေမယ့် ၊ ဒါက ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုလိုတာလား ? လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ”

” ဒါက စိတ်ဝင်စားစရာကောင်းလာနိုင်ပေမယ့် ၊ အီဗန် ဖာဂူဆန်က ပိုပြီး ရှင်းလင်းပြတ်သားတဲ့ ပစ်မှတ် တခု ဖြစ်လာပါလိမ့်မယ် ။ အကယ်၍ ခင်ဗျားသာ ငယ်ရွယ်တဲ့ တိုက်စစ်မှူး ခေါ်ယူလိုတဲ့ လမ်းကြောင်းဆီ လျှောက်ချင်ရင် ဖာဂူဆန်က ခင်ဗျား စောင့်ကြည့်ဖို့ လိုမယ့် ကစားသမား ဖြစ်ပါလိမ့်မယ် ။ ”

” တစုံတယောက်က တိုက်စစ်ကို ဦးဆောင်ပေးဖို့ လိုနေပါပြီ ။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ကိုးလ်ပါလ်မာဟာ ဂိုးပေါက်ကို ကျောပေးပြီး ကစားနေရလို့ပါပဲ ။ ဒီတာဝန်ကို သူ ယူနိုင်ပေမယ့် ၊ ခင်ဗျားဟာ ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားကို နေရာတလွဲမှာ သုံးသလို ဖြစ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR