ကိစ္စရပ်တစ်ခုမှာ အာတီတာ ဟာ အာဆင်ဝင်းဂါးလိုပဲ ခေါင်းမာလွန်းတယ်လို့ ဝေဖန်လိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ အပြောင်းအရွေ့ကာလ အတွင်း ကစားသမား ခေါ်ယူရေး ကိစ္စ မှာ နည်းပြဟောင်း အာဆင်ဝင်းဂါးလိုပဲ ခေါင်းမာလွန်းတယ်လို့ ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။

ပေါလ်မာဆင် က Sportskeeda မှာ ” အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း အခု အချိန်မှ အာဆင်နယ် အသင်း ကစားသမား တစ်ဦးဦး ကို ခေါ်မယ်ဆိုရင် ကျနော် အံ့အား သင့်မိမှာပါ။ ကစားသမား တစ်ဦးဦး ခေါ်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ဘာကြောင့် အစောကြီး မခေါ်တာလဲ ။ ဒါကြောင့် အာဆင်နယ် အသင်း တိုနေး ကို ခေါ်နိုင်လိမ့်မယ်လို့တော့ ကျနော် ကတော့ မထင်ပါဘူး ။ ”

” အာတီတာ ရဲ့လက်ရှိ အခြေအနေ က မြင်ရတာက အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် နည်းပြ ဘဝ နှောင်းပိုင်းကာ‌လတွေကို ပြန်မြင်နေရသလိုပါပဲ ။ အဲ့ဒီ အချိန်တုန်းက အာဆင်ဝင်းဂါး ရဲ့ အသင်းမှာ ဗဟို နောက်ခံလူလိုအပ် နေတယ်ဆိုတာ အားလုံး သိကြပါတယ် ၊ ဒါပေမဲ့ သူက ခေါင်းမာပြီး အပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူဖို့ ငြင်းဆန် ခဲ့ပါတယ် ။ ”

” ချန်ပီယံဆု အတွက် အရှိန်မြင့်ဖို့ အာဆင်နယ် အသင်းမှာ အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ် နေပါတယ်။ ဒါပေမဲ့ အာတီတာ က တိုက်စစ်မှူး တစ်ဦး ခေါ်ဖို့ တွန့်ဆုတ် နေဆဲပါ ။ ” လို့ ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဒီဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရှိသလား ဆိုတဲ့ မေးခွန်းကို daily mail သတင်းထောက် Sami Mokbel ကတော့ ခေါ်ယူဖို့ မရှိကြောင်း ငြင်းဆန် ထားပါတယ်။ဒါပေမဲ့ အာဆင်နယ် အသင်း ရဲ့ ဦးစားပေး တိုက်စစ်မှူး ပစ်မှတ်ကတော့ တိုနေး ဖြစ်တယ်လို့ သိရပြီး လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်း သွားဖွယ် ရှိနေပါတယ်။ ဘရန့်ဖိုဒ့် အသင်းကတော့ တိုနေး အတွက် ပေါင် သန်း ၈၀ လောက် အထိ ဈေးခေါ်ထားပါတယ် ။

SM