နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ အာဖရိက ဖလား ပွဲစဉ်တွေမှာတော့ အီဂျစ် နဲ့ ဂါနာတို့ ၂ ဂိုးစီ သရေကျခဲ့ ပါတယ် ။ ဂါနာ အတွက် ၂ ဂိုးစလုံးကို မိုဟာမက် ကူဒက်စ် က သွင်းယူပေးခဲ့တာပါ ။ အီဂျစ် အတွက်တော့ မိုဟာမက် ဆာလာ ဒဏ်ရာ ရရှိသွားမှုဟာ သရေ ရလဒ်ထက် ပိုပြီး နစ်နာစေခဲ့မှာ သေချာပါတယ် ။

အခြားပွဲစဉ်တွေမှာတော့ နိုက်ဂျီးရီးယား က အိမ်ရှင် အိုင်ဗရီကိုစ့် ကို ၁-၀ နဲ့ အနိုင်ကစားခဲ့ပြီး အီကွေတိုရီရယ် ဂွီနီယာ က ဂွီနီယာ ဘစ်ဆူ အသင်းကို ၄-၂ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။

စပိန် ကိုပါ ဒယ်ရေးဖလား ပွဲစဉ်မှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ရီးရဲမက်ဒရစ် အသင်းကို ၄-၂ နဲ့ အနိုင် ကစားပြီး ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်စေခဲ့သလို စပိန် စူပါဖလားပွဲက ရှုံးကြွေးကိုလည်း ပြန်ဆပ် နိုင်ခဲ့ပါတယ် ။

အီတလီ မှာတော့ နာပိုလီ အသင်းဟာ ဖီအိုရင်တီးနား အသင်းကို ၃-၀ နဲ့ အနိုင်ကစားပြီး အီတလီ စူပါဖလား ဗီုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ် ။ နာပိုလီ ဟာ အင်တာမီလန် နဲ့ လာဇီယို တို့ ပွဲက အနိုင် ရရှိလာမယ့် အသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ် ။

အက်စတွန် ဗီလာ အသင်းဟာ မစ်ဒယ်ဘရော့ အသင်း ရဲ့ ကစားသမား မော်ဂန် ရော်ဂျာ ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ ပေမယ့် မစ်ဒယ်ဘရော့ က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ် ။

နယူးကာဆယ် အသင်းရဲ့ တိုက်စစ်မှူး ဂျိုးလင်တန် ဟာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူတော့မှာ ဖြစ်တာကြောင့် လနဲ့ချီပြီး အနားယူရတော့မယ်လို့ သတင်းကြားသိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ အသံထွက်နေတဲ့ ပဲလေ့စ် တောင်ပံ ကစားသမား မစ်ချယ် အိုလိစ် ကို လီဗာပူး အသင်းကလည်း စိတ်ဝင်စားလာတယ်လို့ သတင်းပေါ်ထွက်လာခဲ့ပါတယ် ။

SPORTS MYANMAR