အာဆင်နယ် အသင်းအနေနဲ့ ဘန်ဇီးမား ကို ဘာကြောင့် မခေါ်ယူသင့်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ပီတစ်

 

ပီတစ် ကတော့ အာဆင်နယ် အသင်း အနေနဲ့ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘန်ဇီးမား ကို ‌မခေါ်ယူသင့်ဘူးလို့ ဆိုလိုက်ပြီး ရီးယဲလ်မက်ဒရစ် တိုက်စစ်မှုးဟောင်းဟာ ပရီးမီးယားလိဂ် မှာ ခြေစွမ်းပြ ကစားနိင်လိမ့်မယ်လို့ မထင်ကြောင်း ဆိုလိုက်ပါတယ် ။

ဘန်ဇီးမား ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ သူ ၁၄ နှစ်တာ ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ် အသင်း ကနေ ထွက်ခွာခဲ့ပြီး ဆော်ဒီ အာရေဘီးယား ကလပ် အယ်အီတီဟက် အသင်းဆီ သုံးနှစ် စာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ် ။ ဒါပေမဲ့ ဆော်ဒီမြေမှာ ခြောက်လ ကစားပြီးတဲ့ အချိန်မှာတော့ ဘန်ဇီးမား ဟာ ဥရောပ ဘောလုံး ရပ်ဝန်းဆီ ပြန်လာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

ဒီမနက် အစောပိုင်းမှာ လန်ဒန် ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် နှင့် ချဲလ်ဆီး အသင်းတို့ဟာ ဘန်ဇီးမား ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပြီး ပီတစ်က‌တော့ ဘန်ဇီးမား ဟာ အာဆင်နယ် အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တစ်ခု မဖြစ်နိုင်ဘူးလို့ သုံးသပ် သွားခဲ့ပါတယ်။

” ဘန်ဇီးမား အတွက် ဘယ်လောက် ပေးရမလဲ ခင်ဗျားတို့ သိလား ၊ သူ ဆော်ဒီမှာ ဘယ်လို လစာတွေ ရနေတာလဲ ခင်ဗျားတို့ မသိကြတာလည်း မဟုတ်ပဲနဲ့ဗျာ ၊ ကျနော်ကတော့ ဘန်ဇီးမား ရဲ့ လစာ ပမာဏာ ကို ပေးချေချင်တဲ့ ပရီးမီးယားလိဂ် ကလပ် အသင်း ရှိမယ်လို့တော့ မထင်မိပါဘူး ။ ”

” ပရီးမီးယားလိဂ် ကို လာမလာက ဘန်ဇီးမား ရဲ့ရွေးချယ်မှုပေါ့ဗျာ ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ် နဲ့ ဆုဖလား အောင်မြင်မှုတွေ အားလုံး ရယူ ခဲ့သူက ပရီးမီးယားလိဂ် ကို လာကစားလိမ့်မယ်လို့တော့ မထင်ပါဘူး ၊ သူ အသက် ၃၄ နှစ်လည်း ရှိနေပါပြီ ။ ပရီးမီးယားလိဂ် က ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အများကြီး လိုအပ်တဲ့ လိဂ်ပါ ၊ သူက ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့အတူ အကြီးကျယ်ဆုံးသော အောင်မြင်မှုတွေ ရယူခဲ့သူဆိုတော့ ကျနော် လေးစားမှု အပြည့်ထားပါတယ်။ ဒါပေမဲ့ ပရီးမီယားလိဂ် မှ မဟုတ်တာဗျာ ။ ”

” ကျနော်ကတော့ အာဆင်နယ် အသင်း သူ့ကို ခေါ်သင့်တယ်လို့ မထင်ပါဘူး ၊ သူ့အစား တခြား တိုက်စစ်မှူး တစ်ဦးကိုပဲ ခေါ်သင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM