တိုနေး နှင့် အိုဆီမန်း တို့အစား အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး နာမည် ပြောကြားလိုက်တဲ့ ဖာဒီနန်

 

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့နောက်ခံလူ ရီယို ဖာဒီနန် က အာဆင်နယ် အသင်း အနေနဲ့ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နယူးကာဆယ် တိုက်စစ်မှုး အလက်ဇန္ဒား အီဆက် အတွက် ငွေကြေး ပုံအော သုံးစွဲ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့လအတွင်း တိုက်စစ် က ဂိုးရဖို့ ရုန်းကန် ခဲ့ရတဲ့နောက် အာဆင်နယ် အသင်းဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖွယ် ရှိနေပြီး တိုနေး ၊ အိုဆီမန်း ၊ ဗလာဟိုဗစ် တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။ အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဂျေးဇု နှင့် အန်ကီးတီးယား တို့ဟာ ဒီရာသီမှာ နှစ်ဦးပေါင်း သွင်းဂိုး ၈ ဂိုးသာ သွင်းယူ ထားနိုင်သေးတာပါ ။

ဖာဒီနန် က သူ့ရဲ့ FIVE podcast မှာ ” ကျနော်သာ အာဆင်နယ် အသင်း တာဝန်ရှိသူဆိုရင် အီဆက် အတွက် ငွေကြေး ပုံအော သုံးစွဲပစ်မှာပါ ။ အီဆက် က မန်စီးတီး နဲ့ ပွဲမှာဆို တစ်ပွဲလုံး တောက်လျှောက် ပြေးလွှား ကစားနေခဲ့တာ‌လေ ၊ နယူးကာဆယ် က ဘာကြောင့် အီဆက် ကို ရောင်းမှာလဲ ဟုတ်လား ၊ သူတို့ ငွေသုံးလို့ မရဘူးလေ ၊ ဘဏ္ဍာရေး ရှင်းတမ်းမှာ သူတို့ အရှုံးတွေ အများကြီး ပေါ်ပြီး အကျပ်အတည်းနဲ့ ရင်ဆိုင် နေရတာလေ ။ ”

” အီဆက် အနေနဲ့ နယူးကာဆယ် ထက် တစ်ဆင့်မြင့်တဲ့ အသင်း တစ်သင်းကို ပြောင်းပီးမှ ရီးရဲလ်မက်ဒရစ် လို အသင်းကို သွားလောက်ပါတယ် ။ နယူးကာဆယ် က လူတွေဝယ်လို့ ရအောင် ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှုး အီဆက် ဟာ ဒီရာသီမှာ နယူးကာဆယ် အသင်းအတွက် ၁၆ ပွဲ ကစား ၁၀ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။

SM