မန်ယူနိုက်တက် ရဲ့ ပစ်မှတ် ပေါင် သန်း ၅၀ တန် တိုက်စစ်မှူးကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဘိုလော့ဂ်နာ အသင်း ရဲ့တိုက်စစ်မှူး Joshua Zirkzee ကို မျက်စိကျနေပြီး စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ဂန်းနားတို့ဟာ လက်တစ်လောမှာ သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ အသင်း ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား က ၆ ဂိုး သွင်းပေးထားတဲ့ ဆာကာ ဖြစ်နေပါတယ် ။

လက်ရှိ အချိန်မှာလည်း ဂျေးဇု က ဒူးဒဏ်ရာ ပြဿနာ ကြုံနေရသလို အန်ကီးတီးယား ကလည်း အာဆင်နယ် အသင်းမှာ ဆက်ရှိဖို့ မသေချာ မရေရာတဲ့ အနေအထားမှာပါ။ နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူး နဲ့ ပွဲမှာ အာတီတာ ဟာ ကိုင်ဟားဗတ်ဇ် ကို အထောင် တိုက်စစ်နေရာမှာ ထားကစားခဲ့ပေမယ့် တိုက်စစ် က ဂိုးရဖို့ ရုန်းကန် ရဆဲ ဖြစ်ခဲ့ပါတယ် ။

ဒတ်ခ်ျ တိုက်စစ်မှူး Joshua Zirkzee ဟာ ဒီရာသီမှာ ဘိုလော့ဂ်ညာ အသင်း အတွက် ခြေစွမ်းပြ ဂိုး‌တွေ သွင်းယူနေသူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၈ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီး ပေးထားပါတယ်။ အရပ် ၆ ပေ ၄ လက်မ လောက် အထိ ရှိတဲ့
Joshua Zirkzee ဟာ အသက် ၁၆ နှစ် အရွယ်မှာတင် ဖီယင်နောဒ့် အသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ ကစားခဲ့သူပါ ။

ဘိုင်ယန် မြူးနစ် အသင်းမှာ ကစားစဉ်တုန်းက Joshua Zirkzee ဟာ ဒုတိယ အသင်းအတွက် ၃၂ ပွဲကစား ၆ ဂိုး သွင်းယူခဲ့ပြီး စီနီယာ အသင်းကြီး အတွက် ၁၇ ပွဲ ကစား ၄ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ အဲ့ဒီနောက် ပါးမား အသင်းမှာ ခဏတာ အငှားထွက် ကစားခဲ့ပြီး၊ အန်ဒါလက် အသင်းမှာ ၁၈ ဂိုးသွင်း ၊ ၁၃ ဂိုးသွင်းပြီး သူ့ရဲ့ ကစားသမား ဘဝ ပိုမို တောက်ပလာခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ ဘိုလောဂ့်နာ အသင်းထံ ပေါင် ၇ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိ အချိန်မှာ အီတလီ ကလပ် ဟာ သူတို့ရဲ့ တိုက်စစ်မှုးကို ပေါင် သန်း ၅၀ ဈေးသတ်မှတ်ထားပါတယ်။ အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး ခေါ်ဖို့ လိုအပ်နေပေမယ့် ငွေရေးကြေးရေး စည်းမျဉ်းတွေကြောင့် နွေရာသီမှပဲ တိုက်စစ်မှူး အတွက် ငွေပုံအော သုံးရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဘိုလော့ဂ်နာ အသင်းဟာ ဒီဆောင်းရာသီမှာ
Joshua Zirkzee ကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ဆိုထားပါတယ်။ Joshua Zirkzee ဟာ နယ်သာလန် လက်ရွေးစင် လူငယ် အသင်းမှာ ပုံမှန် ကစားခွင့် ရနေသူ ဖြစ်ပြီး ၁၉ ပွဲ ကစား ၇ ဂိုး သွင်းပေး ထားပါတယ် ။

SM