ဖူဟမ်နောက်ခံလူတွေကို ပြသနာများစွာ ပေးခဲ့တဲ့ လီဗာပူးစတားကို ချီးကျူးလိုက်တဲ့ ဂျေမီရက်နက်

 

မနေ့ညက ဖူဟမ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အပြီးမှာ ဂျေမီရက်နက်ဟာ ဒါ၀င်နူးနက်ကို အထူး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ အန်ဖီးမှာ ဝီလီယံရဲ့ ဂိုးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဂျုံး ဂတ်ပို တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နူးနက်ဟာ လီဗာပူးတို့ ၁-၀ နဲ့ ရှုံးနေချိန် ပွဲချိန် ၅၆ မိနစ်မှာ လူစား၀င်လာခဲ့တာ ဖြစ်ပြီး လီဗာပူးရဲ့ ဂိုး ၂ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ကာ ကလော့ရဲ့ အသင်းကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။

ဒါ၀င် ကိုယ်တိုင်လည်း ဂိုးရခဲ့သင့်ပေမယ့် လီနိုက လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်သာ ကစားခဲ့ရပေမယ့်လည်း နူးနက်ဟာ expected goals XG (0.75) ၊ ပြိုင်ဘက် ဧရိယာအတွင်း ဘောလုံးထိတွေမှု အများဆုံး (12 ကြိမ်) ၊ လိမ်ခေါက်ကျော်ဖြတ်မှု အများဆုံး (3 ကြိမ်) နဲ့ ပူးတွဲ ကန်သွင်းမှု အများဆုံး (4 ကြိမ်) လုပ်နိုင်ခဲ့ပါတယ်။

ရက်နက်က “ဒါ၀င်နူးနက်ဟာ လူစား၀င်လာပြီးနောက် လီဗာပူးတို့ လိုအပ်နေတဲ့ တွန်းအားကို ပေးသွားခဲ့ပါတယ်။ သူတို့ဟာ ဒီပွဲမှာ ဆာလား ဆိုဘော့ဇ်လိုင်း နဲ့ ထရန့် တို့ရဲ့ ဖန်တီးမှုတွေကို တကယ် miss ဖြစ်နေခဲ့ပါတယ်။ နူးနက်ဟာ လီဗာပူး အတွက် တကယ့်ကို ခြားနားမှု ပေးနိုင်ခဲ့ပါတယ်။

သူဟာ စွမ်းအင်တွေ ပေးသလို ၊ တောင်ပံတွေကနေ ကောင်းမွန်တဲ့ ဧရိယာတွေထဲ ရောက်နေအောင် လုပ်ခဲ့ပါတယ်။ သူတို့ ဒါမျိုးကို လိုအပ်ခဲ့တာပါ။ သူဟာ ဖူဟမ် ဗဟိုနောက်ခံလူတွေကို ပြသနာ များစွာ ပေးခဲ့ပါတယ်။ သူ့ရဲ့ ရွေ့လျားမှုတွေ ကလည်း တအားကို ကောင်းပါတယ်။ ဒုတိယဂိုးမှာ နူးနက်ရဲ့ ပြေးထွက်မှုကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ သူဟာ first pass ကို မရခဲ့လို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက လူမကျွံအောင် လုပ်ကာ နောက်ထပ် ပြေးလွှားမှုကို လုပ်ခဲ့ပါတယ်။

သူဟာ လွတ်နေတဲ့ space ကို ပြေးထွက်သွားခဲ့ပြီး ကောင်းမွန်တဲ့ ဘောလုံးထိချက် နဲ့ ဂတ်ပို ရှိနေတဲ့ နေရာကို ပေးပို့ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လက်ရှိအချိန်မှာတော့ winter break အဖြစ် ၁၀ ရက်လောက် အနားရမှာ ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဘုန်းမောက် နဲ့ ပရီးမီးယားလိဂ် ပွဲကို ကန်သွားရမှာပါ။ ခရေဗင်ကော့တစ်ခ်ျမှာ ကစားရမယ့် ဒုတိယ အကျော့ ကတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဖြစ်ပါတယ်။