တိုနေး ကို ခေါ်မယ့်အစား ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ်ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ အလန်ရှီးယား နှင့် မီကာရစ်ချတ်

အလန်ရှီးယား နှင့် မီကာရစ်ချတ် တို့က‌တော့ အာဆင်နယ် အသင်း အနေနဲ့ ဒုတိယ ရာသီဝက်မှာ ချန်ပီယံဆုကို အမှန်တကယ် ရယူချင်တယ် ဆိုပါက နာပိုလီ အသင်းရဲ့တိုက်စစ်မှူး အိုဆီမန်း ကို ခေါ်ယူသင့်တယ်လို့ တစ်ညီတစ်ညွတ်တည်း အကြံပြု သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနှစ် ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်မယ်လို့ သတင်းကြီးနေတဲ့ အသင်း ဖြစ်ပြီး တိုနေး ၊ အိုဆီမန်း ၊ ဆိုလန်ကီ တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ အာဆင်နယ် အသင်းရဲ့ လက်ရှိ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဂျေးဇု နှင့် အန်ကီးတီးယား တို့ဟာလည်း သွင်းဂိုး အာမခံချက် သိပ်မရှိတာကြောင့် ပရိသတ်တွေကတော့ တိုက်စစ် ကို ဦးဆောင်ပြီး ဂိုးတွေ သွင်းပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အလို ရှိနေတာ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အလန်ရှီးယား က အာဆင်နယ် အသင်း အနေနဲ့ တိုက်စစ်မှူးသစ် ခေါ်မယ်ဆိုပါက အိုဆီမန်း ကို ခေါ်ယူသင့်တယ်လို့ ဆိုလိုက်ပါတယ်။ နာပိုလီ အသင်း အတွက် ပြီးခဲ့တဲ့ ရာသီက ၂၆ ဂိုး အထိ သွင်းယူ ပေးခဲ့တဲ့ အိုဆီမန်း ဟာ အီတလီ ကလပ် နဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၁၂ သန်း အထိ ရှိသူပါ ။

ဂယ်ရီလိုင်နီကာ ၊ မီကာရစ်ချတ် ၊ အလန်ရှီးယား တို့ ပါဝင်ကြတဲ့ The Rest is Football Podcast မှာ ဂယ်ရီလိုင်နီကာ ရဲ့ အာဆင်နယ် အသင်းရဲ့dream signing က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို အလန်ရှီးယား က, ” အိုဆီမန်းပေါ့ဗျာ ။ ”

မီကာရစ်ချတ် ကလည်း ” ကျွန်တော်လည်း အာဆင်နယ် အသင်းအတွက် အိုဆီမန်း ကို ခေါ်စေချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM