နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ရတာကြောင့် အဆင့် ၁ နေရာကို ပြန်မတက်လာ နိုင်ဘဲ လီဗာပူး ကို ပေးအပ် ထားခဲ့ရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကလည်း ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့ ပါတယ် ။

ဂျာမန်ကလပ် မိန့်ဇ် အသင်းမှာ ကစားနေတဲ့ အီတလီ ခံစစ်မှူးကြီး ဘိုနူချီ ဟာ ကစားသမား ဘ၀ ကနေ အနားယူချိန်မှာ နည်းပြအဖြစ် ဆက်လက် လုပ်ကိုင် နိုင်ဖို့ အတွက် နည်းပြလိုင်စင် စတင် လျောက်ထားတော့မယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

ဝုဗ် အသင်း ရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဖာဘီယို ဆေးလ်ဗား ဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းဆီကို အငှားနဲ့ ထွက်ခွာတော့မယ်လို့ ကြားသိရပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဆီနီဂေါ ယူ-၁၇ အသင်းရဲ့ ကွင်းလယ် ကစားသမားလေး ပါပေ ဒူဒါ ဒီယောင်း ကို ၂၀၂၄ ဇွန်လ မှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာလည်း ခရစ်ရှန် ရိုမဲရိုး ဒဏ်ရာ ရရှိမှုကြောင့် လာမယ့် ဇန်နဝါရီ ဈေးကွက်ကို ဝင်ရောက်မယ်လို့ နည်းပြ ပိုစတီကို ဂလူး က ပြောဆိုသွားခဲ့ပါတယ် ။
စီးရီးအေ ထိပ်သီး နာပိုလီ အသင်းကတော့ စပါး ကွင်းလယ်လူ ဟော့ဘီယာ ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေပါတယ် ။

ရီးရဲမက်ဒရစ် ဟာလည်း ဒေးဗစ် အလာဘာ ရဲ့ ဒဏ်ရာ ရရှိမှုကြောင့် ၂၀၂၄ ထဲမှာ ဗဟို ခံစစ်သမား ၂ ယောက် အထိ အင်အားဖြည့်တင်းဖို့ စိတ်ကူးလာတယ်လို့ သိရပါတယ် ။

ရီးရဲဘက်တစ် ကွင်းလယ် ကစားသမားကြီး အစ္စကို ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်း ရှိမယ့် စာချုပ်သစ်ကို ချုပ်ဆို လိုက်ပြီလို့ သိရပါတယ် ။

ပြင်သစ် ကလပ် လီယွန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားလေး ဟန်နီဘယ် ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ကတော့ ဘရာဇီး ခံစစ်မှူး ဂယ်လ်ဆင် ဘရီမာ ကို ၂၀၂၈ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးလိုက်တယ်လို့ သိရပါတယ် ။

SPORTS MYANMAR