နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ လီဗာပူး အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး ဆီမီးဖိုင်နယ် ကို တက်လှမ်းသွားခဲ့ ပါတယ် ။ ဆီမီးဖိုင်နယ် မဲခွဲမှု မှာတော့ လီဗာပူး ဟာ ဖူလ်ဟမ် နဲ့ ကစားဖို့ မဲကျခဲ့ပြီး ချဲလ်ဆီး ကတော့ မစ်ဒယ်ဘရော့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ် ။ လီဗာပူး နဲ့ ချဲလ်ဆီးတို့ ဗိုလ်လုပွဲမှာ ဆုံတွေ့ဖို့ အလားအလာများနေပြီး ၂၀၂၂ ဖိုင်နယ်ကို ပြန်မြင် ရဖို့ ရှိနေပါတယ် ။

 

အီတလီ မြေပေါ်မှာတော့ ကိုပါ အီတလီယာ ဖလား လက်ရှိ ချန်ပီယံ အင်တာမီလန် ဟာ ဘိုလော့ညာ အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ် ။

မနေ့တုန်းကလည်း နာပိုလီ ဟာ ဖရိုဆီနိုနီ အသင်းကို အိမ်ကွင်းမှာ ၄-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ် ။

 

ပြင်သစ် လီဂူးမှာတော့ PSG ဟာ မက်ဇ် အသင်းကို ၃-၁ နဲ့ အနိုင် ကစားခဲ့ပြီး တိုက်စစ်မှူး ဘာပေ ဟာ ၂၅ နှစ်ပြည့် မွေးနေ့ လက်ဆောင် အဖြစ် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ် ။

 

ဂျာမန်မြေပေါ်မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ ဝုဖ်ဘတ် အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဟယ်ရီကိန်း နဲ့ မူစီယာလာ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ် ။

 

စပိန်လာလီဂါ မှာလည်း ဘာစီလိုနာ အသင်းဟာ အယ်မာရီယာ အသင်းကို ၂ ကြိမ်တိုင် ဦးဆောင် ၊ ၂ ကြိမ်တိုင် ချေပဂိုး ပြန်ပေးရပြီးမှ ဆာဂျီ ရောဘတ်တိုရဲ့ ဂိုးတွေနဲ့ အနိုင် ရရှိသွားခဲ့ပါတယ် ။

ဘာဆာ နည်းပြ ဇာဗီ ကတော့ အဆိုပါပွဲ အပြီးမှာ အသင်းက ကစားသမားတွေရဲ့ စွမ်းဆောင်မှု အပေါ် စိတ်ဆိုး ဒေါသထွက်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

 

အမေရိက မေဂျာလိဂ်ရဲ့ ၂၀၂၄ ဘောလုံးရာသီအတွက် ပွဲစဉ်တွေကို မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ပြီး လီယွန်နယ် မက်ဆီ ရဲ့ အင်တာမိုင်ယာမီ ဟာ အဖွင့်ပွဲစဉ် အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရီးရဲ ဆော့တ်လိတ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

ဗဟို ခံစစ်မှူး လိုအပ်လာခဲ့တဲ့ ရီးရဲမက်ဒရစ် အသင်းဟာ မန်ယူနိုက်တက် မှာ နေရာမရ ဖြစ်နေတဲ့ ခံစစ်မှူးဟောင်း ရာဖေး ဗာရန်း ကို ပြန်ခေါ်ဖို့ စိတ်ကူးနေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

မန်ယူနိုက်တက် ကတော့ ရီးရဲ ဆိုဆီဒက် အသင်းရဲ့ ဂျပန် လက်ရွေးစင် ကစားသမား ကူဘို ကို စောင့်ကြည့် အကဲခတ် နေတယ်လို့ သတင်းကြားသိရပါတယ် ။

 

PSG အသင်းဟာ ပြင်သစ် ခံစစ်မှူး ကင်ပမ်ဘီ ကို ၂၀၂၆ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ချုပ်ဆို လိုက်ပြီလို့ သိရပါတယ် ။

 

SPORTS MYANMAR