ပုံစံသစ် ကလပ်ကမ္ဘာ့ဖလား Update

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ့် ပုံစံသစ် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အတည်ပြုချက်အချို့ ကို လွန်ခဲ့တဲ့ ၄ ရက်တုန်းက ထုတ်ပြန်ကြေညာသွားခဲ့ပါတယ် ။ ယခင်တုန်းက တိုက်ကြီးများချန်ပီယံ ( ဥရောပ ၊ တောင်အမေရိက ၊ အာရှ ၊ မြောက်အမေရိက ၊ အာဖရိက ) တွေ ကစားတဲ့ ပုံစံ ကနေ အသင်းများစွာကို ထပ်မံ ပေါင်းထည့်ပြီး ပြိုင်ပွဲကြီး တခုပုံစံအတိုင်း ပြောင်းလဲ ကျင်းပသွားမှာပဲ ဖြစ်ပါတယ် ။

 

အုပ်စု အဆင့်မှာ အသင်း ၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၈ ခု အဖြစ်နဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး အိမ်ကွင်းအဝေးကွင်း မပါဘဲ တကျော့တည်း ကစားရမှာ ဖြစ်ပါတယ် ။ အုပ်စု တခုချင်း စီကနေ အုပ်စုပထမနဲ့ ဒုတိယ ၂ သင်းစီ ၊ စုစုပေါင်း ၁၆ သင်း နောက်တဆင့် တက်လာမှာ ဖြစ်ပြီး ၁၆ သင်းအဆင့် ၊ ကွာတား ၊ ဆီမီး နဲ့ ဗိုလ်လုပွဲတွေကို ကျင်းပသွားကြမှာပါ ။ တတိယ နေရာလုပွဲ မပါဝင်ပါဘူး ။

 

ဒီပြိုင်ပွဲကို အမေရိကန် နိုင်ငံ မှာ ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ တလနီးပါး ကျင်းပသွားမှာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အောက်ပါ အသင်းတွေဟာ ၂၀၂၅ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားကြပါပြီ ။

 

ဥရောပ

မန်စီးတီး ၊ ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး ၊ ဘိုင်ယန် ၊ PSG ၊ အင်တာမီလန် ၊ ဘင်ဖီကာ ၊ ပေါ်တို

( နောက်ထပ် ၄ နေရာ ကျန်ရှိပါသေးတယ် )

 

တောင်အမေရိက

ပါးမေးရပ်စ် ၊ ဖလာမင်ဂို ၊ ဖလူမင်နီးစ်

( နောက်ထပ် ၃ နေရာ ကျန်ရှိပါသေးတယ် )

 

မြောက်အမေရိက

မွန်ထရီရယ် ၊ ဆီယက်တယ် ဆောင်းဒါး ၊ ကလပ် လီယွန်

( နောက်ထပ် ၁ နေရာ ကျန်ရှိပါသေးတယ် )

 

အာဖရိက

အယ်အာလီ ၊ အယ် ဝါဒါ

( နောက်ထပ် ၂ နေရာ ကျန်ရှိပါသေးတယ် )

 

အာရှ

အယ် ဟီလေ ၊ ယူရာဝါရတ် ဒိုင်းမွန်း

( နောက်ထပ် ၂ နေရာ ကျန်ရှိပါသေးတယ် )

 

သမုဒ္ဓရာပိုင်းဇုန်

အုပ်ကလန် စီးတီး