နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ အာဆင်နယ် အသင်းဟာ အဆင့် ၁ နေရာကို ပြန်လည် ရောက်ရှိလာခဲ့ ပါတယ် ။ လီဗာပူး ဟာ မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ ဂိုးမရှိ သရေ ကျခဲ့တာကြောင့် အာဆင်နယ် အသင်းက ကျော်တက်သွားတာကို ခံလိုက်ရတဲ့အပြင် အက်စတွန် ဗီလာ ကလည်း အမှတ်တူ နဲ့ ဖိအားပေးလာခဲ့ပြီ ဖြစ်ပါတယ် ။

 

စပိန် လာလီဂါ မှာလည်း ရီးရဲမက်ဒရစ် အသင်းဟာ ဗီလာရီးရဲ အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားပြီး ဒီကနေ့ ဂီရိုနာ ပွဲ မတိုင်ခင် မှာ အဆင့် ၁ နေရာကို တက်လှမ်း ထားနိုင်ခဲ့ ပါတယ် ။ ရီးရဲ အတွက် ဘယ်လင်ဟမ် ၊ ရိုဒရီဂို ၊ ဘရာဟင် ဒီယာ့ဇ် နဲ့ မိုဒရစ် တို့က ဂိုးသွင်းပေးခဲ့ကြပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် က ပဲ အဆင့် ၁ နေရာကို ဆက်လက် ရယူထားခဲ့ ပါတယ် ။ အင်တာ ဟာ လာဇီယို အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားခဲ့ပြီး ယူဗင်တပ် အသင်းကို ၄ မှတ်အသာ နဲ့ ဦးဆောင် နေပါတယ် ။ ရိုးမား ကတော့ ဘိုလော့ညာ အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။

 

ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဟာ စတုဂတ် အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး လေဗာကူဆင် ကို ဆက်လက် ဖိအားပေး နေခဲ့ပါတယ် ။

လီဂူးဝမ်း မှာတော့ PSG ဟာ အဝေးကွင်းမှာ လိုင်လီ အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့တယ်လို့ သိရှိရပါတယ် ။

 

ရီးရဲမက်ဒရစ် နောက်ခံလူ ဒေးဗစ် အလာဘာ ကတော့ ACL ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အခု ရာသီကို နှုတ်ဆက် သွားခဲ့ရပြီ ဖြစ်ပါတယ် ။ ဒီ သတင်းကို နည်းပြကြီး အန်ဆယ်လော့တီ ကလည်း အတည်ပြု ပေးခဲ့ပြီး ဇန်နဝါရီမှာ လူသစ် မခေါ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ကိုလည်း ပြန်စဉ်းစားရတော့မယ်လို့ ပြောဆိုခဲ့ ပါတယ် ။

 

ဒါပေမယ့် အန်ဆယ်လော့တီ က ပြင်သစ် ကွင်းလယ်ကစားသမားလေး ချူအာမာနီ ကို ခံစစ်မှူး အဖြစ် အသုံးပြု လို့ ရနိုင်တယ်လို့လည်း ပြောဆိုသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR