နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညတုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရလဒ်တွေကတော့ မန်ချက်စတာ ၂ သင်းကို ပျော်ရွှင်စေခဲ့ ပါတယ် ။ အဆင့် ၅ က စပါး အသင်းဟာ ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် အဆင့် ၄ က မန်စီးတီး ကို လိုက်မမီ နိုင်ခဲ့ပါဘူး ။ အဆင့် ၇ နေရာက နယူးကာဆယ် ကလည်း အဝေးကွင်းမှာ အဲဗာတန် အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့တာကြောင့် အဆင့် ၆ နေရာက မန်ယူနိုက်တက် အသင်းကို ကျော်မတက် နိုင်ဘဲ ဖြစ်ခဲ့ရပါတယ် ။

 

လီဗာပူး ခံစစ်မှူး ဂျိူရယ် မာတစ် ကတော့ အရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် လက်ကျန် ပွဲစဉ် အားလုံးကို လွဲချော် ရတော့မယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါကြောင့် လီဗာပူး အနေနဲ့ ခံစစ်မှူးသစ် ရှာပုံတော် ဖွင့်ရတော့ မှာပါ ။

 

တားမြစ်ဆေး အသုံးပြုခဲ့တာကြောင့် စုံစမ်းခံနေရတဲ့ ယူဗင်တပ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကိုတော့ တားမြစ်ဆေး စုံစမ်းစစ်ဆေးရေး အဖွဲ့ က ၄ နှစ် အထိ ဘောလုံး ကနေ ပယ်ထားဖို့ တောင်းဆိုလိုက်တယ်လို့ သိရပါတယ် ။

 

ယူဗင်တပ် အသင်းကတော့ ဗလင်စီယာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဂျာဗီ ဂွီရာ ကို ယူရို ၂၅ သန်း နဲ့ ကမ်းလှမ်းထားပြီး ဗလင်စီယာ အသင်းဘက်ကတော့ ယူရို သန်း ၄၀ လောက် အလိုရှိနေတယ်လို့ သိရပါတယ် ။

 

ရီးရဲဘက်တစ် အသင်းဟာ လာမယ့် ဇန်နဝါရီ မှာ အက်သလက်တီကို မက်ဒရစ် အသင်းမှာ နေရာ မရ ဖြစ်နေတဲ့ ဂျာဗီ ဂါလန် ကို ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ ကြားသိရပါတယ် ။

 

ဘာစီလိုနာ ဂိုးသမားကြီး တာစတီဂျန် ကတော့ ဒဏ်ရာကို ကောင်းစွာ ခွဲစိတ်ကုသမှု ပြုလုပ် နိုင်ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။ ဘာစီလိုနာ ရှေ့တန်းလူ ဖာရန် တောရက်စ် ကတော့ သူဟာ လာမယ့် ဇန်နဝါရိမှာ အသင်းကနေ ထွက်ခွာဖို့ စိတ်ကူး မရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။

 

အဲဗာတန် အသင်းရဲ့ ကွင်းသစ် စီမံကိန်း ဟာ ကုန်ကြမ်း ပစ္စည်းတွေ တန်ဖိုးမြင့်တက်လာမှုကြောင့် နောက်ထပ် ပေါင် သန်း ၁၅၀ လောက် ပိုမို လိုအပ်လာဦးမယ်လို့ ကြားသိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမားလေး အာမက် ထရာအိုရေး ကတော့ မနေ့က လေ့ကျင့်ခန်း အပြည့် ပြန်ဆင်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ် ။

 

SPORTS MYANMAR