နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရဲ့ တနင်္ဂနွေည ပွဲစဉ်တွေကတော့ အကျိတ်အနယ် အပြန်အလှန် ရှိခဲ့ကြ ပါတယ် ။ ပွဲစဉ် ၅ ပွဲမှာ ပွဲတိုင်း ဂိုးသွင်းခဲ့ကြပြီး ၂၄ ဂိုးအထိ ရှိခဲ့ကြတာပါ ။ တပွဲကို ၅ ဂိုးနှုန်း နီးပါး ဖြစ်ခဲ့ကြ ပါတယ် ။ မန်စီးတီး က စပါး နဲ့ ၃ ဂိုးစီ သရေကျပြီး လီဗာပူးက ဖူလ်ဟမ် ကို ၄-၃ ၊ ချဲလ်ဆီး က ဘရိုက်တန် ကို ၃-၂ တို့နဲ့ အနိုင်ရခဲ့ကြတာပါ ။ ဒီ ရလဒ်တွေကြောင့် အာဆင်နယ် နဲ့ မန်စီးတီး ၃ မှတ် ကွာသွားခဲ့ပါပြီ ။

 

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် ဟာ အဝေးကွင်းမှာ လက်ရှိ ချန်ပီယံ နာပိုလီ ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်း လာနိုင်ခဲ့ပါတယ် ။ အင်တာ အတွက် ကယ်ဟာနို ဂလူး ၊ ဘာရယ်လာ နဲ့ မားကပ်စ် သူရမ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြတာပါ ။

 

ရိုးမား ကလည်း ဆာဆူအိုလို ကို ၂-၁ နဲ့ အနိုင်ရခဲ့သလို အေစီမီလန် ကလည်း ဖရိုဆီနိုနီ အသင်းကို ၃-၁ နဲ့ အနိုင် ကစားခဲ့ကြပါတယ် ။

 

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ၁-၀ နဲ့အနိုင် ကစားခဲ့ပြီး ယိုဝေါ် ဖဲလစ် က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ ပါတယ် ။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာ ရဲ့ လာလီဂါ ချန်ပီယံ မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန် နိုင်ခဲ့ပါတယ် ။

 

ပြင်သစ် လီဂူး မှာတော့ PSG ဟာ လီဟာဗေး အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဘာပေ နဲ့ ဗီတင်ညာ တို့က ဂိုးတွေ သွင်းပေးခဲ့ပါတယ် ။ ဒီပွဲမှာ PSG ဂိုးသမား ဒွန်နာရမ်မာ ဟာ ပွဲအစ ၁၀ မိနစ်မှာတင် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။

 

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ လေဗာကူဆင် အသင်းဟာ ဒေါ့မွန် နဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဘိုင်ယန်မြုးနစ် အတွက် အခွင့်အရေး ဖြစ်လာစေခဲ့ပါတယ် ။

 

လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ က ခံစစ်မှူး မာတစ် ဟာ မနေ့ညက ပွဲမှာ ဒဏ်ရာ ရရှိသွားတယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ ပါတယ် ။ လက်ရှိ လီဗာပူးမှာ ရောဘတ်ဆင် ၊ အဲလစ်ဆင် ၊ ဂျိုတာ ၊ သီယာဂို တို့လည်း ဒဏ်ရာ ရရှိနေကြပါတယ် ။

 

ဘိုင်ယန်မြုးနစ် ဥက္ကဌ ဟိုင်နာ က သူတို့ဟာ ဇန်နဝါရီ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ လုံလောက်တဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ ရရှိထားတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။ ဒါ့အပြင် ဖူလ်ဟမ် ကွင်းလယ်လူ ဖယ်ဟင်ဟာ ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ထပ်မံ ပြောဆိုသွားခဲ့ ပါတယ် ။

 

ဘိုင်ယန်မြုးနစ် ဟာ ၂၀၂၄ ဇွန်လ မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်မယ့် သစ္စာရှိ ကစားသမားကြီး သောမတ်စ် မူလာ ကို အသင်းမှာ ဆက်ရှိနေနိုင်ဖို့ အတွက် ကြိုးစားသွားမယ်လို့လည်း ကြားသိရပါတယ် ။

 

Uruguay တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ကတော့ ဒီကနေ့ မနက်ကစားခဲ့တဲ့ပွဲမှာ ဂရီမီရို အသင်း အတွက် ဂိုးသွင်းယူပေးပြီး နှုတ်ဆက် သွားခဲ့ပါတယ် ။ လက်ရှိမှာ ဆွာရက် ဟာ အသင်းလက်မဲ့ ကစားသမား ဖြစ်လာခဲ့ပြီး အနာဂါတ် အတွက် မိသားစုနဲ့ အတူ အနားယူရင်း ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။

 

SPORTS MYANMAR