နောက်ဆုံးရ အားကစား သတင်းများ

နောက်တဆင့်တက်ကြတဲ့ ယူရိုပါပြိုင်ပွဲဝင်အသင်းတွေ ၊ အပြောင်းအရွှေ့စာချုပ်သစ်ကိစ္စတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အင်္ဂလိပ် ကလပ် အားလုံး နိုင်ပွဲ ရခဲ့ကြပါတယ် ။ ဘရိုက်တန် နဲ့ ဝက်စ်ဟမ်း တို့ဟာ အဝေးကွင်းတွေမှာ ၁-၀ ရလဒ်တွေနဲ့ အနိုင်ရခဲ့ကြပြီး လီဗာပူး ကတော့ အိမ်ကွင်းမှာ LASK အသင်းကို ၄ ဂိုးပြတ် အနိုင်ကစားခဲ့ပါတယ် ။ လီဗာပူး အတွက် ဂတ်ပို က ၂ ဂိုးသွင်းပေးခဲ့ပြီး ဒီယာ့ဇ် နဲ့ မိုဆာလာ တို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြပါတယ် ။ ယူရိုပါ ကွန်းဖရင့်စ်လိဂ် မှာလည်း အက်စတွန် ဗီလာ အသင်းက လီဂီယာ ဝါဆော အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ ဗီလာ ဟာ ဒီနိုင်ပွဲကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

 

မာဆေး နဲ့ အိုင်ယက်စ် တို့ရဲ့ ပွဲမှာတော့ အိမ်ရှင် မာဆေး အသင်းဟာ တိုက်စစ်မှူး အော်ဘားမီးယန်း ရဲ့ ဟက်ထရစ် အပါအဝင် ၄-၃ နဲ့ အနိုင် ရရှိပြီး နောက်တဆင့် တက်လှမ်းသွားခဲ့ပါတယ် ။ အိုင်ယက်စ် ကတော့ ယူရိုပါလိဂ် ကနေ နှုတ်ဆက်ခဲ့ရပါပြီ ။

 

ပွဲစဉ် ၅ ပြီးချိန်မှာ နောက်တဆင့် တက်လှမ်းထားနိုင်ပြီး ဖြစ်တဲ့ အသင်းတွေကတော့ –

လီဗာပူး ၊ ဝက်စ်ဟမ်း ၊ ဘရိုက်တန် ၊ မာဆေး ၊ ရင်းနစ် ၊ ဖရိုင်းဘတ် ၊ လေဗာကူဆင် ၊ အတ္တလန်တာ ၊ ရိုးမား ၊ ဗီလာရီးရဲ ၊ စပို့တင်း ၊ ဆလားဗီးယား ပရပ် တို့ပဲ ဖြစ်ကြပါတယ် ။ ကျန်အသင်းတွေကတော့ နောက်ဆုံး ပွဲစဉ် အထိ အဆုံးအဖြတ် ခံယူကြရဦးမှာပါ ။

 

အာဆင်နယ် အသင်းဟာ နောက်ခံလူ ဘန်ဝှိုက် ကို နှစ်ရှည် စာချုပ် ချုပ်ဆိုဖို့ ရည်ရွယ်ထားတယ်လို့ ကြားသိရ ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ဂါဗီ အတွက် ပေးချေရမယ့် လုပ်ခလစာရဲ့ ၈၀% အထိ အသုံးပြုပြီး လူသစ် ခေါ်ယူ အစားထိုးဖို့ လာလီဂါ ဆီက ခွင့်ပြုချက်ကို ရရှိခဲ့ပါတယ် ။ ဒါ့အပြင် ဘာစီလိုနာ ဟာ ဂါဗီ ရဲ့ နေရာကို ဘရာဇီး ကနေ ကြိုတင်သဘောတူညီချက်နဲ့ ခေါ်ယူထားပြီး ဖြစ်တဲ့ ဗစ်တာ ရော့ကေး နဲ့ တိုက်ရိုက် အစားထိုးခွင့် ပြုဖို့လည်း တောင်းဆိုထားကြောင်း ကြားသိရပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ဝါရင့် နောက်တန်း ကစားသမားကြီး ဖိလစ်ပီ လူးဝစ် ဟာ ဘောလုံး ကစားခြင်း ကနေ အနားယူတော့မယ်လို့ ကြေညာသွားခဲ့ပြီး အခုရက်သတ္တပတ် ဟာ ဖိလစ်ပီ လူးဝစ် ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာမယ်လို့ အသိပေးသွားခဲ့ပါတယ် ။

 

ချဲလ်ဆီး ကွင်းလယ်လူ ရိုမီရို လာဗီယာ ဟာ ဒဏ်ရာကနေ သက်သာလာပြီး လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီလို့ သိရှိရပါတယ် ။

 

ဘာစီလိုနာ ခံစစ်မှူး ရော်နယ် အာရူဟို ကတော့ ဘိုင်ယန်မြုးနစ် နဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး သူ့ရဲ့ အနာဂါတ် ဟာ ဘာစီလိုနာမှာသာ ရှိနေပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

 

လိုင်ယွန် အသင်းကတော့ ရလဒ်တွေ ဆိုးရွားနေတဲ့ နည်းပြသစ် ဖာဘီယို ဂရော့ဆို ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR