နောက်ဆုံးရ အားကစား သတင်းများ

ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ အယ်လ်နက်ဆာ အသင်းဟာ ပြိုင်ဘက်အသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားပြီး အယ်လ်ဟီလေ အသင်းနဲ့ ၁ မှတ်အကွာကို တက်လှမ်းလာနိုင်ခဲ့ပါတယ် ။ အဆိုပါပွဲမှာ ရိုနယ်ဒို ဟာ အယ်လ်နက်ဆာ အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ပထမတန်းလိဂ်သမိုင်းကြောင်းမှာ သွင်းဂိုးအများဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်း ရေးထိုးသွားနိုင်ခဲ့ပါတယ် ။

 

ဘန်ဇီးမား တို့ရဲ့ အယ်လ် အစ်တီဟတ် ကတော့ စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ အစ်တီဖတ် အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ် ။

 

ပြင်သစ် လီဂူး မှာတော့ PSG အသင်းဟာ မိုနာကို အသင်းနဲ့ ဂိုးသွင်းပြိုင်ခဲ့ကြပြီး ၅-၂ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ် ။ PSG အတွက် ဘာပေ ၊ မူအာနီ ၊ ဒမ်ဘီလီ ၊ ဗီတင်ညာ ၊ ရာမိုစ့် တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ကြပါတယ် ။

 

ဂျာမန်ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ အသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဟယ်ရီကိန်း က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမားကြီး ဂရစ်ဇ်မန်း က သူဟာ မက်ဒရစ် ကလပ်ကနေ ဂန္ထဝင် တယောက်အဖြစ်နဲ့ ထွက်ခွာ နှုတ်ဆက်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။

 

ရီးရဲလူငယ် အသင်းကို ကိုင်တွယ်နေတဲ့ ရာအူးလ် ဂွန်ဇာလက် ဟာ ဘွန်ဒစ်လီဂါ ကလပ် ယူနီယံ ဘာလင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက်မှု ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မေဆင်မောင့် ဟာ ဒဏ်ရာအသစ် ထပ်မံ ရရှိသွားခဲ့တာကြောင့် ဒီတပတ် အဲဗာတန်နဲ့ပွဲကို လွဲချော်သွားပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ဘာစီလိုနာ ကွင်းလယ်လူ ဂွန်ဒိုဂမ် ကို ချိတ်ဆက်မှု ပြုလုပ်နေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ဒီသတင်းကို လုံး၀ ငြင်းပယ်ခဲ့ပြီး ဂွမ်ဒိုဂမ် ဟာ ဘာစီလိုနာမှာ နေဖို့ အိမ်တောင် ရှာဖွေနေပါပြီလို့ ပြောဆိုသွားခဲ့ပါတယ် ။

 

ဒါ့အပြင် ဘာစီလိုနာ ဂိုးသမား တာစတီဂျန် ဟာ ဒီတပတ် လာလီဂါ ပွဲစဉ်ကို ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင့် အိုင်နာကီ ပီနာ ဟာ ဂိုးသမားအဖြစ် ပါဝင်ကစားမှာ ဖြစ်တယ်လို့ နည်းပြ ဇာဗီ က အတည်ပြု ပြောဆိုသွားခဲ့ ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် နဲ့ သဘောတူညီမှု အရ ဂိုးသမား ဒါးဗစ် ရာဟာ ကို အခုတပတ်ပွဲစဉ် ( ဘရန့်ဖိုဒ့် နဲ့ ) မှာ ထည့်သုံးနိုင်မှာ မဟုတ်တာကြောင့် အာရွန် ရမ်းစဒဲ နဲ့ ပွဲထွက်လာမယ်လို့ နည်းပြ အာတီတာ က ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။

SPORTS MYANMAR