နောက်ဆုံးရ အားကစားသတင်းများ

အင်္ဂလိပ် လိဂ်ဝမ်း ကလပ် ဘရန်စလေ အသင်းဟာ စည်းကမ်းနဲ့ ကိုက်ညီမှု မရှိတဲ့ ကစားသမားကို ထည့်သွင်း ကစားခဲ့မိတာကြောင့် FA Cup ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ် ။ ဒါကြောင့် ပထမအဆင့်မှာ သူတို့ အနိုင်ယူ ခဲ့တဲ့ အပျော်တမ်းကလပ် ဟော်ရှမ်း အသင်းဟာ နောက်တဆင့်ကို တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အားကစား ဒါရိုက်တာ အန်ဒရာ ဘာတာ ဟာ ပရီးမီးယားလိဂ် ကလပ် အချို့က စိတ်ဝင်စားနေမှု ရှိနေပေမယ့် မက်ဒရစ် ကလပ်မှာသာ ဆက်လက် လုပ်ကိုင်သွားဖို့ ဆန္ဒ ရှိတယ်လို့ သိ၇ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ် နေရာကို အားဖြည့်ဖို့ လုပ်ဆောင်ရမျာ ဖြစ်ပေမယ့် PSG က ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ဖာဘီယံ ရုဇ် ၊ ကားလိုစ့် ဆိုလာတို့ကိုတော့ ခေါ်ယူဖို့ စိတ်ကူး မရှိဘူးလို့ သိရပါတယ် ။

 

ဒါ့အပြင် ဘာစီလိုနာ ဟာ ဘရာဇီး တောင်ပံ ကစားသမား ရာဖင်ညာ ကို ဆော်ဒီ ကလပ် အယ်လ်ဟီလေ ဘက်က ယူရို သန်း ၇၀ ကျော် နဲ့ ကမ်းလှမ်းလာပါက ရောင်းထုတ်သွားဖို့ စိတ်ကူးနေတယ်လို့လည်း သတင်းထွက်ပေါ် လာခဲ့ပါတယ် ။

 

ရိုးမားနည်းပြ မော်ရင်ညို ကတော့ သူဟာ တနေ့မှာ ဆော်ဒီကို သွားရောက်ပြီး နည်းပြအဖြစ် လုပ်ကိုင် နိုင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ မဟုတ်သေးပါဘူးလို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ် ။

 

SPORTS MYANMAR