နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲတွေမှာတော့ စပိန် အသင်းဟာ ဂျော်ဂျီယာအသင်းကို ၃-၁ နဲ့ အနိုင် ကစားခဲ့ပြီး အုပ်စု ပထမ နေရာကို ရယူနိုင်ခဲ့ပါတယ် ။ ဒီလို အုပ်စုပထမ ရရှိခဲ့တာကြောင့် စပိန် ဟာ ယူရို ၂၀၂၄ အုပ်စုအဆင့် မဲခွဲမှုမှာ မဲအိုးနံပါတ် ၁ နေရာကို ရရှိသွားခဲ့ပါတယ် ။

ဒါပေမယ့် စပိန် ရဲ့ အားထားရတဲ့ ကွင်းလယ်လူ ဂါဗီ ကတော့ ဒူးဒဏ်ရာ ရရှိသွားခဲ့ကာ လပေါင်းများစွာ အနားယူရ နိုင်ချေ ရှိလာခဲ့ပါတယ် ။

 

ဘယ်လ်ဂျီယံ အသင်းကလည်း အဇာဘိုင်ဂျန် အသင်းကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး တိုက်စစ်မှူး လူကာကူ တယောက်တည်းက ၄ ဂိုး သွင်းယူခဲ့ပါတယ် ။ ဒီဂိုးတွေကြောင့် လူကာကူ ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားအဖြစ် ရပ်တည်သွားနိုင်ခဲ့ပါတယ် ။

 

ပေါ်တူဂီအသင်းကတော့ အိုက်စလန် ကို ၂-၀ နဲ့ အနိုင်ကစားခဲ့တာကြောင့် ယူရို ခြေစစ်ပွဲကို ၁၀၀% နိုင်ပွဲနဲ့ ပိတ်သိမ်းသွား နိုင်ခဲ့ပါတယ် ။ ပေါ်တူဂီအတွက် မန်ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ် ၁ ဂိုး သွင်းယူ ခဲ့သလို ခရစ္စတီယာနို ရိုနယ်ဒို ကလည်း ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ် ။

 

အဆိုပါပွဲမှာ စပို့တင်း လစ္စဘွန်း အသင်းဟာ ခရစ္စတီယာနို ရိုနယ်ဒို ကို ဂုဏ်ပြု လက်ဆောင်အဖြစ် CR7 Edition အဖြစ် ထုတ်လုပ်ထားတဲ့ စပို့တင်း ဂျာစီကို လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်သွားခဲ့ပါတယ် ။

 

ပြင်သစ် ကလပ် ရင်းနစ် အသင်းကတော့ နည်းပြ ဘရူနို ဂိနီဆို ကို ထုတ်ပယ်လိုက်ပြီလို့ အသိပေးသွားခဲ့ ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ်ကို အဓိက အားဖြည့်ဖို့ အစီအစဉ် ရှိနေပြီး အယ်ဟီလေ မှာ ကစားနေတဲ့ ဝုဗ် ကွင်းလယ်လူဟောင်း ရူဘင် နီဗက်စ် ကို နည်းပြ အာတီတာ က စိတ်ဝင်စားနေတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR