နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ ပြင်သစ် အသင်းဟာ ဂျီဘရော်တာ အသင်းကို အိမ်ကွင်းမှာ ၁၄ ဂိုးအထိ သွင်းပြီး အနိုင်ကစားခဲ့ပါတယ် ။ ဒါဟာ သူတို့ အသင်းရဲ့ သမိုင်းမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ အဖြစ် စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့သလို တိုက်စစ်မှူး အမ်ဘာပေ ကလည်း ဟက်ထရစ်သွင်း ၊ ဟက်ထရစ် ဖန်တီးမှု ပြုလုပ်သွားခဲ့ပါတယ် ။

 

နော်ေ၀ အသင်းကတော့ သူတို့ရဲ့ ယူရို ၂၀၂၄ မျှော်လင့်ချက်တွေ အပြီးသတ် ကုန်ဆုံးသွားခဲ့ပြီလို့ သိရပါတယ် ။ နော်ေ၀ ဟာ ခြေစစ်ပွဲကို တိုက်ရိုက် မအောင်မြင်တာကြောင့် နေးရှင်းလိဂ်ကနေ ဝင်ရောက်ဖို့ အခွင့်အရေးကို စောင့်မျှော်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီမျှော်လင့်ချက်လည်း ကုန်ဆုံးသွားခဲ့ပါပြီ ။

 

နယ်သာလန် အသင်းဟာ အိုင်ယာလန် ကို တိုက်စစ်မှူး ဗက်ဟော့စ် ရဲ့ တလုံးတည်းသောဂိုး နဲ့ အနိုင် ရရှိခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ခွင့် သေချာသွားခဲ့ပါပြီ ။ သြစတြီးယား အသင်းကလည်း ယူရို ၂၀၂၄ ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ် ။

 

ဗီနီရှပ် ဂျူနီယာ ရဲ့ ဒဏ်ရာ ရရှိမှုကြောင့် ရီးရဲမက်ဒရစ် အသင်းဟာ ဇန်နဝါရိ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ စဉ်းစားနေပြီလို့ သိရှိရပါတယ် ။

 

ဂီရိုနာ အသင်း ဒါရိုက်တာ က သူတို့ဟာ ဘာစီလိုနာ မှာ ကစားနေတဲ့ ကွင်းလယ်လူ ရိုမီရို ကို ပြန်လည် ခေါ်ယူဖို့ အခွင့်အရေး ရှိမယ်ဆိုပါက ခေါ်ယူလိုကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ် ။

ဘာစီလိုနာ ကတော့ ၂၀၂၄ ထဲမှာ ကန်ဆယ်လို ကို အပြီးသတ် ဝယ်ယူနိုင်ရေးကို အဓိက ပစ်မှတ်ထား လုပ်ဆောင်သွားဖွယ် ရှိနေပါတယ် ။

 

ဆော်ဒီ ကလပ် အယ်လ်အစ်တီဟတ် အသင်းကတော့ မာဆယ်လို ဂယ်လာဒို ကို နည်းပြသစ် အဖြစ် ခန့်အပ် နိုင်ခဲ့ပြီလို့ သိရပါတယ် ။ ဂယ်လာဒို ဟာ ရေးဗားပလိတ် အသင်းကနေ ထွက်ခွာလာခဲ့သူ ဖြစ်ပြီး အစ်တီဟတ် အသင်းနဲ့ ၂၀၂၅ + ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုသွားခဲ့ပါတယ် ။

 

SPORTS MYANMAR