နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ မန်စီးတီး ၊ ဘာစီလိုနာ ၊ PSG တို့ နိုင်ပွဲ အသီးသီး ရရှိခဲ့ကြ ပါတယ် ။ မန်စီးတီး ဟာ အဝေးကွင်းမှာ ယန်းဘွိုင်းစ် အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူးလေး ဟာလန်း က ၂ ဂိုး သွင်းယူပေးသွားခဲ့ ပါတယ် ။

 

PSG ကလည်း အေစီမီလန် ကို တိုက်စစ်စွမ်းရည်ပြပြီး ရှေ့တန်းလူတွေ ရဲ့ ဂိုးနဲ့ ၃ ဂိုးပြတ် အနိုင် ရရှိခဲ့ ပါတယ် ။ PSG အတွက် ဘာပေ ၊ မူအာနီ နဲ့ လီကန်အင် တို့က သွင်းယူပေးခဲ့ ကြတာပဲ ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းကလည်း ရှက်တာ ဒိုးညက်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ နယူးကာဆယ် ကတော့ အိမ်ကွင်းမှာ ဒေါ့မွန် အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။

 

ချဲလ်ဆီး နဲ့ မန်စီးတီး အသင်းတို့ဟာ အင်တာမီလန် ခံစစ်မှူး ဘတ်စတိုနီ ကို စောင့်ကြည့် အကဲခတ် နေတယ်လို့ သိရပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းဟာ ဂျုဒ် ဘယ်လင်ဂမ် ရဲ့ ဒဏ်ရာ အခြေအနေကို ဒီကနေ့ စစ်ဆေး သွားမှာ ဖြစ်ပြီး ဘာစီလိုနာနဲ့ ပွဲကို ပါဝင်နိုင်ချေ ရှိမရှိ သိရမှာ ဖြစ်ပါတယ် ။

 

အင်တာမိုင်ယာမီ အသင်းဟာ ဂျိုဆပ် မာတီနက် နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တာကြောင့် ဗင်နီဇွဲလား တိုက်စစ်မှူးအနေနဲ့ အသင်းလက်မဲ့ ကစားသွား ဖြစ်လာခဲ့ပြီလို့ သိရပါတယ် ။

 

အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဆင်နယ် နောက်ခံလူဟောင်း ပါပါသိုပူးလော့စ် ဟာ စပိန် ကလပ် ရီးရဲဘက်တစ် အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားပြီလို့ သိရပါတယ် ။

 

နှစ်စဉ် ဆက်တိုက် ဘဏ္ဍာရေး အရှုံးပေါ်မှုကြောင့် စစ်ဆေး ခံနေရတဲ့ အဲဗာတန် အသင်းဟာ ၁၂ မှတ်လောက် အထိ လျော့ချ ခံရနိုင်တယ်ဆိုတဲ့ သတင်းတခု ထွက်ပေါ်လာခဲ့ပါတယ် ။

 

ဝိန်းရွန်းနီ သွားရောက် ကိုင်တွယ်နေတဲ့ ဘာမင်ဂမ် စီးတီး ကတော့ ဟူးစီးတီး အသင်းကို ၂-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့် ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ဘာမင်ဂမ် ဟာ ရွန်းနီ လက်ထက်မှာ နိုင်ပွဲ မရရှိသေးဘဲ ၂ ပွဲစလုံးကို ရှုံးနိမ့်ထားခဲ့ ပါတယ် ။

 

SPORTS MYANMAR