နောက်ဆုံးရ အားကစားသတင်းများ

ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒူး အရွတ်စုတ်ပြဲ ဒဏ်ရာ ရရှိသွားကြောင်း အယ်ဟီလေ ကလပ် က ထုတ်ပြန် ကြေညာသွားခဲ့ပြီး မကြာခင် ရက်အတွင်းမှာ ခွဲစိတ်ကုသကာ ကာလရှည် အနားယူရနိုင်တယ်လို့ သိရပါတယ် ။

 

စပိန် လာလီဂါ ကလပ် ရီးရဲ ဆိုဆီဒက် အသင်းဟာ PSG ကို နွေရာသီကမှ ပြောင်းရွှေ့လာတဲ့ တောင်ကိုရီးယား တိုက်စစ်မှူး လီ ကန်အင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီးအသင်းရဲ့ နည်းပြ မက် စကင်နာ ဟာ အမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပုံစံ အပေါ် ဝေဖန်ပြောဆိုခဲ့ ပါတယ် ။ မနှစ်တုန်းက အမျိုးသမီးစူပါလိဂ်မှာ အဆင့် ၂ ရခဲ့တဲ့ မန်ယူနိုက်တက် ဟာ တိုက်ရိုက် ဝင်ခွင့် မရခဲ့တာကြောင့် ခြေစစ်ပွဲ ကစားခဲ့ရပြီး PSG အမျိုးသမီးအသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ် ။ အမျိုးသမီး ချန်ပီယံလိဂ်ဟာ ပြင်သစ် ၊ ဂျာမနီ နဲ့ စပိန် လိဂ်တွေက ချန်ပီယံ ၃ သင်းတည်းကိုသာ တိုက်ရိုက်ဝင်ခွင့် ပေးအပ်ထားပြီး အင်္ဂလန် ချန်ပီယံ ချဲလ်ဆီး ကတော့ တိုက်ရိုက်ဝင်ခွင့် ရရှိပြီးသား စပိန်ချန်ပီယံ ဘာစီလိုနာ အမျိုးသမီးအသင်း မနှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားပြီး ဖြစ်တာကြောင့် အစားထိုး တိုက်ရိုက်ဝင်ခွင့်ကို ရရှိခဲ့ပါတယ် ။

 

မန်ယူနိုက်တက် ရဲ့ ရှယ်ယာ ၂၅% ကို ဝယ်ယူဖို့ စီစဉ်ထားတဲ့ ဗြိတိန် ဘီလီယံနာကြီး ဆာ ဂျင် ရတ်ကလစ် ဟာ သူ့ရဲ့ ဝယ်ယူရေး အစီအစဉ်ကို ဇန်နဝါရီ မတိုင်ခင် အပြီးသတ်ကာ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ အသင်းအတွက် ပါဝင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ ကြားသိရပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းဟာ အက်စတွန် ဗီလာ ကစားသမား ဒေါက်ကလပ် လူးဝစ် ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် ဆေးအဖွဲ့ ဟာ ဝါရင့် ဂိုးသမားကြီး နူအာ ကို ဘောလုံးပြန်ကစားဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်တာကြောင့် အခု တပတ်ကစားမယ့် မိန်ဇ့် အသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင်ကစားနိုင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ် ။ နူအာ ကို သုံးမယ် မသုံးဘူးဆိုတာကတော့ နည်းပြ တူချယ် အပေါ်မှာပဲ မူတည်တော့မှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR