နောက်ဆုံးရအားကစားသတင်းများ

မနေ့ညကကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ အီတလီ အသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ကစားပြီး ယူရိုပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိသွားခဲ့ပါတယ် ။ အင်္ဂလန်အတွက် ဟယ်ရီကိန်း က ၂ ဂိုး ၊ ရက်ဖိုဒ့် က ၁ ဂိုး သွင်းယူပေးခဲ့တာပါ ။ အီတလီ ကတော့ ဒီပွဲ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ဆက်လက် ရှိနေခဲ့ ပါတယ် ။ ဒိန်းမတ် အသင်းကတော့ ဆမ်မာရီနို အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။

 

ပြင်သစ်အသင်းကတော့ စကော့တလန် အသင်းနဲ့ ခြေစမ်းပွဲ ကစားရာမှာ ၄-၁ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ် ။

 

လောင်းကစားမှုမှာ ပါဝင် ပတ်သက်ခဲ့တဲ့ ယူဗင်တပ် ကစားသမား နီကိုလို ဖာဂီယိုလီ ကို အီတလီ ဘောလုံး အဖွဲ့ချုပ် က ဘောလုံးလောက ကနေ ၇ လ ပါဝင်ပတ်သတ်ခွင့် ပိတ်ပင် လိုက်တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။ အီတလီ မှာ လောင်းကစားနဲ့ ပါဝင်ပတ်သတ်တဲ့ ဘောလုံးသမား ၁၀၀ ကျော်ကို စုံစမ်းစစ်ဆေး နေပြီး အပြစ်ဒဏ်တွေ ဆက်လက် ချမှတ်သွားမယ်လို့ သိရှိရပါတယ် ။

 

ဆော်ဒီ ကလပ် တသင်းဟာ ရိုးမားမှာ ရာထူး မတည်မငြိမ်ဖြစ်နေတဲ့ နည်းပြ ဂျိုဆေး မော်ရင်ညို ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

အီတလီ စီးရီးအေ ကလပ် ဆမ့်ဒိုးရီးယားအသင်းဟာ အီတလီ ကွင်းလယ်ကစားသမားဟောင်းကြီး အန်ဒရေ ပီယာလို ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီလို့ အတည်ပြုသွားခဲ့ပါတယ် ။

 

ဒိုင်လူကြီးအဖြစ်ကနေ အနားယူသွားပြီဖြစ်တဲ့ စပိန်ဒိုင်လူကြီး မက်တီယူ လာဟိုဇ့် ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR