နယူးကာဆယ် နဲ့ ရှုံးပွဲအပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ လုခ်ရှော

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက စိန့် ဂျိမ့်စ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် ယူနိုက်တက် အသင််း နဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 29 ကစားခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ဒီပွဲမှာ ဒီရလဒ်ထက် ပိုပြီး စိတ်ပျက်စရာ ကောင်းခဲ့တာက ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပါပဲ ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ တိုက်စစ်မှာ ရပ်ရှ်ဖို့ ၊ အန်တိုနီ ၊ ဝဂ်ဟော့စ် ၊ ကွင်းလယ်မှာ ဘရူနို ၊ တော်မီနေး နဲ့ ဆာဗစ်ဇာ ၊ ခံစစ်မှာ ရှော ၊ မာတီနက်ဇ် ၊ ဗာရန်း နဲ့ ဒါးလော့ တို့ကို ထုတ်သုံးခဲ့ပြီး ဂိုးမှာတော့ ဒေးဗစ် ဒီဂီယာ ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။

ဒါပေမဲ့ ပထမပိုင်း တစ်ပိုင်းလုံးအတွင်း ထိရောက်တဲ့ ခြိမ်းခြောက််မှုတွေ လုပ်နိုင်ခဲ့တာက နယူးကာဆယ်တို့ပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီဂီယာ က လက်စွမ်းကောင်း ပြသသွားနိုင်ခဲ့တဲ့ အတွက် ပထမပိုင်းမှာတော့ ဂိုးမရှိ သရေ ရလဒ််သာ ထွက်ပေါ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ အဲရစ် တန်ဟတ်က ပုံစံကောင်းမပြနိုင်ခဲ့ကြတဲ့ ဝဂ်ဟော့စ် နဲ့ အန်တိုနီ တို့ကို ထုတ်ပြီး မာရှယ် နဲ့ ဆန်ချို တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်် ။ အဲ့ဒီနောက် 3 မိနစ်အကြာမှာပဲ နယူးကာဆယ် အသင််းမှ ဂျိုး ဝီလော့ က ခေါင်းတိုက်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။

 

အဲ့ဒီနောက် ပွဲချိန် 82 မိနစ်မှာပဲ အဲရစ် တန်ဟတ် က မာတီနက်ဇ် ၊ ဗာရန်း နဲ့ တော်မီနေး တို့ကို ထုတ်ခဲ့ပြီး ဖရက်ဒ် ၊ ပယ်လီစထရီ နဲ့ လင်ဒီလော့ဖ် တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါပေမဲ့ 6 မိနစ် အကြာမှာပဲ ယူနိုက်တက်တို့ နောက်တစ်ဂိုး ပေးခဲ့ရပါတယ် ။

အဆိုပါ အနိုင်သေချာစေမဲ့ ဂိုးကို သွင်းယူခဲ့တာကတော့ ကလမ် ဝီလ်ဆင် ဖြစ်ခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က သူတို့ဟာ အဝတ်လဲခန်းထဲ ဝန်ထမ်း တစ်ဦးတစ်ယောက်မှ မရှိချိန် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း ဖွင့်ဟသွားခဲ့လိုင်ပါတယ် ။

” ဘာတွေ ပြောခဲ့သလဲဆိုတာကို အသေးစိတ် ပြောပြမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အဝတ်လဲခန်းထဲ အခြားသော ဝန်ထမ််းတွေ မရှိချိန်မှာ ကျွန်တော်တို့ ကစားသမားတွေဟာ သီးခြား စကားပြောဆို ဆွေးနွေးဖြစ်ခဲ့ကြပါတယ် ။ ဒါက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေခဲ့တယ်ဆိုတာ သိသာ ထင်ရှားလွန်းခဲ့တယ်လေ ”

” ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းတာရဲ့ နီးစပ််တဲ့ နေရာတစ်ခုမှာတောင် ရှိမနေခဲ့ဘူးလေ ။ ဒီလိုအချိန််မှာ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး မျက်နှာချင်းဆိုင်ပြီးမ စကားပြောဖို့ လိုအပ်ခဲ့သလို ကိုယ့်အပြစ်ကိုယ် ခံယူသင့်ချိန် ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ဟာ အသင်းအဖွဲ့ တစ်ခုပါ ။ ကျွန်တော်တို့ ကွင်းထဲကို ရောက်ပြီဆိုတာနဲ့ တစ်ဦး အတွက် တစ်ဦး ကူညီိပေးနိုင်ဖို့ ၊ တိုက်ပွဲဝင် ကစားပေးဖို့ လိုအပ်လှပါတယ် ။ ဒီရာသီရဲ့ အချို့ အချိန်တွေမှာ ကျွန်တော်တို့ အဲ့တာကို မလုပ်နိုင်ခဲ့ကြပါဘူး ” လို့ ရှောက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar