ပရီးမီးယားလိဂ် title race နဲ့ ပက်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ ယာဂန်ကလော့

 

ယာဂန်ကလော့က လီဗာပူး အသင်းအနေနဲ့ ဖူဟမ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြိုင်ဘက်ထက် အနိုင်ရချင်စိတ်ကို ပြသသွားရမယ်လို့ ဆိုလိုက်ပြီး ပရီးမီးယားလိဂ် title race နဲ့ ပက်သက်ပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ အပတ်က ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ဇယားထိပ်က မန်စီးတီးနဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပြီး title race က ၎င်းတို့ရဲ့ လက်ထဲမှာ ရှိမနေတော့တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် ဘယ်လောက် ယုံကြည်မှု ရှိသလဲဆိုတဲ့ မေးခွန်းကို ကလော့က “သိတဲ့အတိုင်းပဲ ဒါဟာ ကျနော်တို့ လက်ထဲမှာ မရှိပါဘူး။ အကယ်လို့များ ကျနော်တို့ လက်ကျန်ပွဲအားလုံး အနိုင်ရမယ်ဆိုရင်တော့ ချန်ပီယံဖြစ်ဖို့ အတွက် အခွင့့်အရေးကောင်း ရှိနေပါတယ်။ မဟုတ်ရင်တော့ တခြား အသင်းက ချန်ပီယံ ဖြစ်သွားမှာပါ။ ကျနော်တို့ နိုင်ပွဲဘယ်နှစ်ပွဲ ရယူဖို့ လိုအပ်သလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဘယ်သူကများ အာဆင်နယ်တို့ ဗီလာကို ရှုံးမယ်လို့ ထင်ထားခဲ့လို့လဲ? ဘောလုံးမှာ ဒါမျိုး ဖြစ်တက်ပါတယ်။ ကျနော်တို့လည်း ဗီလာပက်ကို သွားကန်ရအုံးမှာပါ။ ဒါဟာ ကျနော် အနှစ်သက်ဆုံး အဝေးကွင်းပွဲစဉ်တွေထဲက တစ်ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ သွားရောက် ရင်ဆိုင်ရမှာပါ။

အခုဆိုရင် မန်စီးတီးက ရေပန်းအစားဆုံးလို့ တွေးလို့ရပေမယ့် သူတို့ဟာ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ပွဲတွေ အများကြီး ကစားရအုံးမှာပါ။ ကျနော်တို့ သူတို့ အကြောင်းကို မတွေးပါဘူး။ ကျနော်တို့ နိုင်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပဲ တွေးပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့အပတ်ကတော့ ဆိုးရွားတဲ့ အပတ် ဖြစ်ခဲ့ပါတယ်။ ကစားပုံက ပွဲတိုင်းမဆိုးခဲ့ပါဘူး။ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး ဒါတွေကို အသုံးမချနိုင်ခဲ့တာကတော့ သိပ်မကောင်းလှပါဘူး။

ဒါပေမယ့် ဘောလုံးမှာ အဆိုးရွားဆုံး အရာကတော့ အခွင့်အရေး မဖန်တီးနိုင်တာပါပဲ။ ဒါကသာ အဆိုးဆုံးပါ။ အခွင့်အရေး လုံး၀ မရတာထက်စာရင် လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေ deal လုပ်ရတာက ပိုကောင်းပါတယ်။ ဒ့ါကြောင့် တရက်နားပြီးနောက် ကျနော် အသင်းနဲ့ပက်သက်ပြီး အကောင်းမြင်သွားတာပါ။ ကျနော်ကတော့ ကိုယ့်အသင်းရဲ့ အခြေအနေ အပေါ် ပျော်တာထက် ပိုပါတယ်။”