ချဲလ်ဆီးတို့ ခေါ်ယူခဲ့သင့်တဲ့ တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်း စတားတို့ရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အတွင်း ကစားသမားသစ် အမြောက်အမြား အတွက် စံချိန်တင် သုံးစွဲမှုတွေ ဆက်လက် ပြုလုပ်ခဲ့ရာ ၊ ဘရိုက်တန်ကနေ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅သန်းနဲ့ ခေါ်ယူခဲ့ခြင်းလည်း တခု အပါအဝင် ဖြစ်ခဲ့ပါတယ် ။

တော့ဒ်ဘိုလီနဲ့ အမေရိကန်ပိုင်ရှင်တွေဟာ အတွေ့အကြုံရင့် ကစားသမားတွေထက် နှစ်ရှည် စီမံကိန်းနဲ့ လည်ပတ်လို့ ရနိုင်မယ့် အလားအလာရှိ လူငယ်ကြယ်ပွင့်တွေကိုသာ ရွေးချယ် ခေါ်ယူနေတာကြောင့် အသင်းရဲ့ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း မတည်ငြိမ်မှုက တနှစ်အတွင်း မကြာခဏ ဖြစ်နေတာကို တွေ့ရပါတယ် ။

LONDON, ENGLAND – OCTOBER 02: Armando Broja of Chelsea celebrates with teammates Enzo Fernandez and Conor Gallagher after scoring the team’s second goal during the Premier League match between Fulham FC and Chelsea FC at Craven Cottage on October 02, 2023 in London, England. (Photo by Darren Walsh/Chelsea FC via Getty Images)

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ သူ့အသင်းဟောင်း အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကိုင်စီဒိုကို သန်း၁၀၀ကျော် ပေးပြီး ခေါ်ခဲ့တာထက် အတွေ့အကြုံရှိ အင်္ဂလန် ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ လက်ရှိ တော့တင်ဟမ် ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်နဲ့ ဝက်စ်ဟမ်း ကြယ်ပွင့် ဂျိမ်းစ်ဝက်ပရောက်စ်တို့ကိုသာ ခေါ်ယူခဲ့သင့်ကြောင်း ဖွင့်ဟလာပါတယ် ။

လီဘို့ဖ် က ” ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးဟာ ဂျိမ်းစ်မက်ဒီဆင် ၊ ဂျိမ်းဝက်ပရောက်စ်လို အသင်း အတွက် အရည်အသွေးများစွာ ယူဆောင်ပေးနိုင်ပြီး ၊ ငွေကြေး နည်းနည်းပဲ ကုန်ကျမယ့် ကစားသမားတွေကို ခေါ်ယူခဲ့သင့်တာပါ ။ သူတို့ကို ကလပ်ဖက်က ဘာကြောင့် လျစ်လျူရှုခဲ့လဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး ။ ”

” ဒီတပတ်မှာလည်း ပိုချက်တီနိုက သူ့ကစားသမားတွေဟာ ကြပ်ညှပ်တဲ့ ပွဲစဉ်ဇယားတွေမှာ မကစားနိုင်လောက်ဘူးလို့ ထုတ်ပြောလာပါတယ် ။ သူဟာ အမှန်ကို ပြောနေတာပါ ။ ငွေသုံးတယ်ဆိုတာ ရူးလောက်စရာ ငွေပမာဏ သုံးဖို့ ဆိုလိုတာ မဟုတ်ပါဘူး ။ မက်ဒီဆင်နဲ့ ဝက်ပရောက်စ်ဆိုရင် ငွေအများကြီး မကုန်သလို ၊ အတွေ့အကြုံတွေလည်း ပိုမို ယူဆောင်ပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီးရဲ့ အဓိက ကွင်းလယ် အတွဲအဖက် ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ဟာ ရာသီကုန်ခါနီးလာပေမယ့် အခုအချိန်အထိ အတွဲအဖက် မိပြီး ၊ တိုက်စစ်ခံစစ်အပေါ် မျှမျှတတ ကူညီပံ့ပိုးပေးနိုင်မှု ကြီးကြီးမားမား မရှိသေးပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး လီဘို့ဖ်က မအံ့သြမိကြောင်း အခုလိုပဲ ထပ်မံ သုံးသပ်လာပါတယ် ။

လီဘို့ဖ် က ” ခင်ဗျားဟာ မွိုက်ဆက်စ် ကိုင်စီဒို အတွက် ခံစားပေးရပါမယ် ။ ဘာလို့လဲဆိုတော့ ဘယ်သူမှ ဒီလို တန်ကြေး ဖိအားမျိုးနဲ့ မထိုက်တန်ကြလို့ပါ ။ ဒီလို စီးပွားရေး ဆန်တာတွေက ကစားသမားတွေ အပေါ်မှာ တောင်းဆိုမှု ကြီးမားလာစေတယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိထားကြပါတယ် ။ ”

” တခါတလေ ဒီအခြေအနေ ၊ ဖိအားဒဏ်ကို ခံနိုင်ဖို့ ခက်ပါတယ် ။ သူဟာ တကယ့် အံ့မခန်း ကစားသမားကောင်း တယောက်လို့ ကျွန်တော်တို့ သိထားသည့်တိုင် ၊ သူဟာ အတွေ့အကြုံ မရင့်ကျက်သေးပါဘူး ။ သူသာ လီဗာပူးဆီ ပြောင်းသွားခဲ့ရင် ၊ ဘယ်သူမှ ယှဉ်မရအောင် ကောင်းသွားနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူနဲ့ တွဲကစားမယ့် ကစားသမားတွေကြောင့်ပါ ။ ”

” အန်ဇို ဖာနန်ဒက်ဇ်လည်း ထိုနည်း၄င်းပါပဲ ။ သူဟာ ကမ္ဘာ့ဖလား ချန်ပီယံ တယောက် ဖြစ်ပေမယ့် ၊ အတွေ့အကြုံ မရင့်သေးသလို ၊ အတွေ့အကြုံ နုနယ်တဲ့ ကစားသမားတွေနဲ့ ဝန်းရံခြင်း ခံထားရပါတယ် ။ သူတို့ ၂ယောက် အတွဲ အခုထိ အလုပ်မဖြစ်သေးတာနဲ့ ပတ်သက်ပြီး ကျွန်တော် မအံ့သြမိပါဘူး ။ ”

” လီဗာပူးက အလက်ဆစ် မက်အယ်လစ္စတာကိုပဲ ကြည့်လိုက်ပါ ။ သူ ကစားတာ အရမ်းကောင်းနေပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ယုံကြည်လို့ ရနိုင်တဲ့ ကစားသမားတွေနဲ့ ဝန်းရံခံထားရလို့ပါ ။ ဒီနေရာမှာ ချဲလ်ဆီးဟာ အတွေ့အကြုံ နုတဲ့ ခေတ်တခေတ်ဆီ ရောက်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR