ဗီလာနဲ့ အရေးကြီးပွဲကို မသေချာတဲ့ ဂန်းနား

 

 

အာဆင်နယ် အသင်းရဲ့ ဘရာဇီး နောက်ခံလူ ဂါဘရီရယ် မာဂယ်ဟေးစ် ဟာ တနင်္ဂနွေနေ့မှာ အက်စတွန် ဗီလာ အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

 

ဂါဘရီရယ် ဟာ သောကြာနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပြီး အာဆင်နယ် နည်းပြ အာတီတာ ကတော့ စနေနေ့ အထိ စောင့်ကြည့်ပြီး စစ်ဆေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။

“ပွဲကစားရဖို့ ၁ ရက်လိုပါသေးတယ် ။ မနက်ဖြန် ( စနေနေ့ ) မှာ အားလုံးကို စစ်ဆေးပြီး ဘယ်သူတွေ ပါဝင် ကစားနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ ။ အသင်းမှာ ဒဏ်ရာအတွက် စိတ်ပူရမယ့်သူတချို့ ရှိနေပါတယ် ။ အဲ့ဒီအထဲက တချို့ အဆင်ပြေလာဖို့ မျှော်လင့်မိပါတယ်” လို့ အာတီတာ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ပါတယ် ။

 

ဂါဘရီရယ် ဟာ ဘိုင်ယန်မြုးနစ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာပါ ။ ဘရာဇီး နောက်ခံလူဟာ အခုရာသီ အာတီတာ ရဲ့ အသင်းမှာ အားထားရတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေသူလည်း ဖြစ်ပါတယ် ။ ဒဏ်ရာကြောင့် အကြာကြီး နားနေရတဲ့ ဂန်းနား နောက်ခံလူ ဂျူရီယံ တင်းဘားစ် ကတော့ မကြာခင် ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အာတီတာ က ပြောဆိုခဲ့ပါတယ် ။

“တင်းဘား အနေနဲ့ အသင်းကြီးနဲ့ ပြန်ကစားဖို့ အဆင့်အနည်းငယ်လောက် လုပ်ဖို့ လိုအပ်နေပါသေးတယ် ။ အနည်းဆုံးတော့ ယူ-၂၃ အသင်းနဲ့ ၁ ပွဲလောက် ကစိားပြီးမှပါ ။ လေ့ကျင့်ရေး အစီအစဉ်မှာတော့ သူ က အမြဲ ကြိုးစားနေပါတယ် ။ ပွဲတွေနဲ့ ပြန်ထိတွေ့မှုရှိဖို့တော့ လိုအပ်နေဦးမှာပါ” d

Arteta

 

SPORTS MYANMAR