နွေရာသီအတွက် ကြိုတင်ပြင်ဆင်လိုက်တဲ့ မန်စီးတီး

 

 

မန်ချက်စတာ စီးတီး အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပါကွေတာ ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အကြို သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ဟာ ကွင်းလယ်ကို ပိုမို အားကောင်းစေဖို့ ရည်ရွယ်ထားသလို ဘာနာဒို ဆေးလ်ဗား ရဲ့ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပါကွေတာ ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက စိတ်ကူးထားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် မနှစ်က ဘောလုံးရာသီတုန်းက အဝါကတ်တွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ရယူခဲ့တယ်လို့ သံသယရှိမှုနဲ့ FA ရဲ့ စုံစမ်းမှု ပြုလုပ်ခံရမှုဟာ ပါကွေတာ ကို အစ်တီဟတ် နဲ့ ဝေးကွာ စေခဲ့ရပါတယ် ။ လာမယ့် နွေရာသီမှာတော့ ဂွာဒီယိုလာ နှစ်သက်တဲ့ ဘရာဇီးသားကို အစ်တီဟတ် ဆီ အရောက်ခေါ်ဆောင်လာနိုင်တော့မှာပါ ။

 

မန်စီးတီး ဟာ ပါကွေတာ အတွက် ဝက်စ်ဟမ်း အသင်းဘက်က တောင်းဆိုတဲ့ ပမာဏ ( ပေါင် သန်း ၇၀ ) ကို ပေးချေသွားဖို့ အဆင်သင့် ရှိနေပြီး ကလပ် ၂ သင်းအကြား သဘောတူညီမှု ရယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ် ။

မန်စီးတီး ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဒီကနေ့ညမှာ ရီးရဲမက်ဒရစ် နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်းကလည်း ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် လေဗာကူဆင် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR