ဂါနာချိုကို ဘာကြောင့် လူစားလဲခဲ့တာလဲဆိုတာ ရှင်းပြလိုက်တဲ့ အဲရစ် တန်ဟတ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အင်္ဂလန် ဒါဘီပွဲ နွှဲခဲ့ကြပြီး တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ကာ 1 မှတ်စီ ခွဲယူခဲ့ကြရပါတယ် ။

ဒီပွဲမှာတော့ လီဗာပူးတို့ ပွဲချိန် 23 မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ကြပြီး ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ 50 နဲ့ 67 မိနစ် တွေမှာ ဘရူနို ဖာနန်ဒက်စ် နဲ့ မိုင်နူး တို့က ခြေပဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး 79 မိနစ်မှာ ဂါနာချို လူစားလဲခံခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 84 မိနစ်မှာ မို ဆာလာ က ပင်နယ်တီ သွင်းယူခဲ့ပြီး သရေ ရလဒ် ကို ရယူသွားနိုင်ခဲ့ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က လူငယ်ကြယ်ပွင့်လေး ဂါနာချို ကို ဘာကြောင့် လူစားလဲခဲ့သလဲဆိုတာ ရှင်းပြသွားခဲ့လိုက်ပါတယ် ။

” ပထမဆုံး အနေနဲ့ ပြောရရင်ဖြင့် ဒီနေ့က ဂါနာချို ရဲ့ပွဲ မဟုတ်ခဲ့ရပါဘူး ။ သူက ပုံမှန်နေ့တွေလောက် လန်းဆန်း မနေခဲ့ပါဘူး ။ ပုံမှန်အားဖြင့်ဆိုရင် သူဟာ ကွင်းထဲမှာ အမြဲဲတမ်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အခွင့်အရေးတွေကို ရယူနိုင်ခဲ့တယ်လေ ”

” သူဟာ မောပမ်းနေပုံ ပေါ်နေခဲ့ပါတယ် ။ ပြီးတော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ နိုင်နေခဲ့ကြတာလေ ။ သူတို့ဖက်က တိုက်စစ်လည်း ဖိကစားနေခဲ့ကြပါတယ် ။ သူတို့ဟာ ကွင်းလယ်ကို ထိန်းချုပ်နိုင်ဖို့ လူစားတွေလဲခဲ့တာကြောင့် ကျွန်တော်က အမရာဘတ် ကို ထည့်ဖို့ ဆုံးဖြတ်ခဲ့ရတယ် ”

” သူ ဒါကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် တွေးထင်ခဲ့ပြီး သူ တကယ်လည်း လုပ်ပြနိုင်ခဲ့ပါတယ် ။ ကျွန်တော် အရမ််းပဲ ကျေနပ် ပျော်ရွှင်နေပါတယ် ။ ဒါဟာ ယူနိုက်တက်ရဲ့ အနာဂတ် ပိုပြီး လှပဖို့ ရှိနေတယ်ဆိုတဲ့ အမှတ်သင်္ကေတ တစ်ခုပါပဲ ”

” အခုတော့ ဂါနာချို အနေနဲ့ လာမဲ့ ရက်သတ္တပါတ်တွေမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ကြိုးစားရပါတော့မယ် ။ ကစားသမား အတော်များများက အနားယူရဦးမယ်လေ ။ ဒါဟာ သူ့အတွက် အခွင့်အရေးကောင်းပါပဲ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#SM